Unicode
မြက်ခင်းစိမ်းများကြား တစ်နာရီကျော်ကြားအောင် စက်ဘီးပတ်စီးပြီး နောက်ထပ်နေရာစုံလျှောက်လည်ကြသည်။
ပန်းပင်မျိုးစေ့ထုတ်တွေဝယ်တုန်းက ခွန်းအတွက်လက်ဆောင်ရထားတဲ့ နှင်းဆီပန်းအနီလေးကို ကိုကိုကခွန်းနားရွက်ကြားမှာ ပန်ပေးထားသည်မို့ ခွန်းကအလိုလိုက်ချင်စရာလေးဟု ဆိုင်ရှင်မမကတောင်ပြောခဲ့သေးသည်။ကိုကိုကတော့ ထိုအစ်မရဲ့စကားကိုကြားတော့ မူပိုင်အတိုင်းခပ်ပြုံးပြုံးနဲ့ခေါင်းငြိမ့်ခဲ့၏။
အတူတူလက်တွဲရင်း လူတွေစုနေတဲ့နေရာတစ်ခုကိုတွေ့သည်။အနီရောင်နဲ့ အဝါရောင်ထီးအကြီးကြီးများ မိုးထားတဲ့နေရာကိုလျှောက်သွားတော့ ပွဲအသေးလေးတစ်ခုဖြစ်ကြောင်း သိရတော့သည်။
အချိုရည်ကြော်ငြာဆိုင်းဘုတ်များနှင့် ရောင်စုံအချိုရည်ဘူးများစွာ တန်းစီချထားတဲ့အတွက် စိတ်ဝင်တစားသွားကြည့်မိသည်။
နေကလည်းပူနေသောကြောင့် ထီးအမိုးများ ထပ်မိုးထားနေသည်ကိုတွေ့သည်။ကိုကို့ကတော့ ခွန်းတို့နေပူမှာဆိုးသောကြောင့် ထိုအမိုးအောက်ကိုခေါ်လာခဲ့သည်။
!ဟုတ်ကဲ့ပါခင်ဗျ.... ကျွန်တော်တို့အစီအစဥ်လေး အခုကစလို စတင်ပါပြီခင်ဗျ။ပထမဆုံး ပြိုင်ပွဲအသေးလေးတစ်ခုနဲ့ အရင်ဆုံးစတင်ပါမယ်။အခုအမိုးအောက်က ပရိတ်သတ်တို့ထဲမှာ သီချင်းဆိုဝါသနာပါတဲ့လူရှိရင် ကျွန်တော်တို့စီစဥ်ပေးထားတဲ့ ဒီစင်ပေါ်မှာ ေဟာဒီအနောက်က music bandနဲ့တွဲပြီး ပါဝင်ယှဥ်ပြိုင်နိုင်ပါတယ် !
"ကိုကို..... ကိုကိုဝင်ပြိုင်ပါလား "
"ခွန်းကလည်း ကလေးကလားနဲ့"
"ဆုရရင် မုန့်ဝယ်စားလို့ရတယ်လေ"
"ခနလေးနေဦး...သူတို့ဘာဆက်ပြောဦးမလဲ စောင့်ကြည့်ရအောင်"
ခွန်းတို့စကားပြောနေတုန်း ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် စင်ပေါ်တတ်သွားသည်။ဘယ်လိုပြိုင်ရတာလည်း စည်းကမ်းချက်တွေကိုတော့ အစီအစဥ်တင်ဆက်သူ အစ်ကိုတစ်ယောက်က တစ်ဖြေးဖြေးရှင်းပြသည်။
YOU ARE READING
ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completed