(အပိုင်း-3)

1.7K 89 7
                                    


Unicode

"ကဲ အားလုံးဘဲ မင်္ဂလာပါ"

"မင်္ဂလာပါဆရာမ ကျေးဇူးတင်ပါတယ်ဆရာမ"

ပထမစာသင်ချိန်တော့ပြီးသွားပြီ။ဆရာမက စာမေးပွဲအမှတ်တွေနဲပတ်သတ်လို့ နည်းနည်းပါးပါးဆူစရာရှိတာဆူပြီး စာသင်သည်။

အော်ပြောရဦးမယ် အခုဆို အခန်းထဲကစတော်ကြီးနှစ်ကောင်က ကျွန်တော်နဲ့အတူထိုင်နေကြတာလေ။ဟိုငပေါကျောင်းသားအသစ်က ကျွန်တော်နဲ့အတူ နောက်ဆုံးတန်းမှာလာထိုင်တော့ အခန်းထဲက ငပေါကျောင်းသားအသစ်နဲ့အတူထိုင်ချင်ကြတဲ့ တစ်ခြားစာတော်တဲ့ကျောင်းသားတွေက ကျွန်တော့်ကို မလိုသလိုကြည့်လာတယ်။

​ထုံးစံအတိုင်း ကျွန်တော်ဆိုတဲ့ကျွန်တော်ကတော့ ဖုတ်လေတဲ့ငပိရှိတယ်တောင်မမှတ်ဘူး။

အခုဆို နောက်ဆုံးတန်းရဲ့ အလည်လောက်မှာ ကျွန်တော်ပြောင်းထိုင်လိုက်ရတယ်။ငပေါကျောင်းသားသစ်ကြောင့်ပေါ့။အဲ့ကောင်က ကျွန်တော်ကိုအလည်မှာထိုင်ပါဆိုလို့ လူကအလယ်ရောက်နေတာ။

အခန်းထဲမှာ တစ်ချို့ကျောင်းသားတွေက အိမ်စာမပြီးသေးလို့ ရေးနေတဲ့သူနဲ့ ဖုန်းခိုးသုံးနေတဲ့လူနဲ့ အိပ်ပျော်နေတဲ့လူနဲ့ ကုလားသိုက်ကျားဝင်ကိုက်သလို ဆူညံနေတဲ့လူတွေနဲ့ နားကိုညီးနေတာဘဲ။

ကျွန်တော်တို့အတန်းကတော့ လေစိမ်းများဖြတ်တိုက်နေပြီး တိတ်ဆိတ်နေသည်။

"မင်းတို့နှစ်ယောက် ဒီတစ်သက်စကားပြောဖို့ အစီအစဥ်မရှိဘူးလား"

နှစ်ယောက်စလုံး စာဂျပိုးတွေမှန်း သိသာပါတယ်။တစ်ယောက်ကလည်း ပြတင်းပေါက်ဖက်လှည့်လို့ စာကျက်နေတယ်။နောက်တစ်ယောက်ကလည်း နားကြပ်တပ်ပြီး သင်္ချာတွက်နေတယ်။နေပါဦး ငါ့ကိုအလည်မှာထားပြီး ဘာစကားမှ မပြောကျတော့ဘူးလား။

"ဘာလည်း ခွန်းလေး ဘာဖြစ်လို့လည်း"

"ဘာမှမဖြစ်ဘူး ပျင်းလို့ ငါနဲ့စကားပြောပေး"

"အော်အေးအေး ဘာကစပြောကြမလဲ"

ချစ်ဆုံးသူငယ်ချင်းလေးက စာအုပ်ချပြီး ကျွန်တော့်ကိုကြည့်လို့ ကပျာကယာမေးပါတယ်။ဒါပေမဲ့ ဘေးနားက ငပေါကျောင်းသားသစ်ကတော့ သင်္ချာတွက်လို့ကောင်းတုန်း။

ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completedDonde viven las historias. Descúbrelo ahora