(အပိုင်း-25)

713 31 0
                                    

Unicode

လူခြေတိတ်သောအရပ်တွင်သာ နေခဲ့ရသောကြောင့်လားမသိ မန္တလေးမြို့ရဲ့ ဆိုင်ကယ်သံ ကားသံများနဲ့မနက်ခင်းက ကြည်နူးအတွက်တော့ အတော်ကိုစိမ်းသက်နေသည်။

မနက်ရှစ်နာရီဆိုတာ ထသင့်တဲ့အချိန်ထက်ပိုနေပြီဆိုပေမဲ့ ဦးဖေလို အချိန်မှန်ဖုန်းဆက်နှိုးမဲ့ သက်ရှိနာရီလေးကလည်းမရှိတော့ ကိုယ့်အားကိုယ်ကိုး၍ ထရဦးမည်။

မနက်ငါးနာရီလောက်က အပေါ့သွားချင်တာကြောင့် တစ်​ရေးနိုးထချိန် ကြည်နူးဟာ ဦးဖေကိုဖက်ရင်းအိပ်ပျော်နေတာကို သိရသည်။သူ့လိုလူစိမ်းကို ဦးဖေဒီလောက်ထိသည်းခံပေးနေတာ သားသမီးချင်းကိုယ်ချင်းစာလို့များလား။

အိပ်ယာထဲမှာ စောင်တွေနဲ့လုံးထွေးနေရင်း ရေချိုးခန်းထဲက ဦးဖေထွက်လာသည်။

"နိုးရင်ထ"

"ဟုတ်...ဦးဖေ ၊ကျွန်​တော်တို့ ဖလမ်းကို ဘယ်လိုသွားကြမှာလည်း"

"မြေကြွင်းတူးပြီးသွားမှာ..."

"ဟမ်"

အနွေးထည်အိင်္ကျီကြယ်သီးတပ်နေရင်း ဘောက်ဆက်ဆက်ပြောတော့ ကြည်နူးအသွားသည်။ဦးဖေမှာ ရွဲ့တတ်တဲ့အကျင့်ရှိကာ မထင်ရအောင် အခုထိကလေးဆန်တုန်းဘဲ။

"မျက်နှာသွားသစ်တော့ ကြည်နူး...မနက်စာစားပြီးတာနဲ့ တန်းထွက်မယ်"

"ဟုတ်ကဲ့"

ကြည်နူးလည်း ရေချိုး..မျက်နှာသစ်..သွားတိုက်လုပ်ပြီး အနွေးထည်ထူထူဝတ်ကာ တည်းခိုခန်းအပြင်ကိုထွက်လာခဲ့သည်။တည်းခိုခန်းရဲ့ ခေါင်းရင်းဘက်မှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှိသည်။သူ့ဦးဖေက လက်ဖက်ရည်ဆိုင်အရှေ့မှာ လက်နောက်ပစ်ကာရပ်နေရင်း စောင့်နေ၏။

"ဦးဖေ "

"အင်း...လာ လက်ဖက်ရည်သောက်ဦးမယ်"

ကားစောင့်နေရင်း ကြည်နူးက ထပ်တစ်ရာမုန့်နဲ့ လက်ဖက်ရည် ကျစိမ့်တစ်ခွက်မှာကာ ဦးဖေကတော့ နွားနို့တစ်ခွက်သာမှာသောက်သည်။စားသောက်ပြီးချိန် ဦးဖေတို့နဲ့အတူ ဖလမ်းတတ်မယ့်လူတစ်စု လက်ဖက်ရည်ဆိုင်ရှေ့သို့ရောက်လာသည်။ဦးဖေပြောစကားအရဆို တစ်မြို့တည်းသားတွေဖြစ်ကြပြီး သူတို့က စျေးဝယ်ထွက်လာကြတာ ဖြစ်သည်ဟုဆိုသည်။

ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completedOù les histoires vivent. Découvrez maintenant