Unicode
နေသောသော ဆောင်းမနက်ခင်း တစ်ခုတွင်ဖြစ်သည်။မင်းလွင်မြူခိုးများက ပတ်ဝန်းကျင်အနှံ့ နေရောင်တိုး၍ မပေါက်နိုင်အောင် ရစ်ဆိုင်းနေသည်။အထက်ကောင်းကင်မှာ တိမ်ကင်းစင်၍ နေရောက်ဖြင့်နွေးထွေးနေသော်လည်း မြေပြင်တွင်တော့မဟုတ်။မြူများကြောင့် တိုက်လေမှစလို့ အရာအားလုံးက လက်ဖျားခါလောက်အောင်အေးနေသည်။
စိုထိုင်းသော အနီရောင်မြေသားများက သွားလာမှုမရှိသော ပတ်ဝန်းကျင်ကြောင့် ငြိမ်သက်နေသည်။ မြေကြီးပေါ်မှ အရိုင်းဆန်ဆန်ပေါက်ရောက်နေသော ခရမ်းရောင်အပွင့်ငယ်များက ခြံစည်းရိုးအပြင်ဘက် လမ်းတစ်လျှောက်လုံးတွင် နှင်းရေသောက်၍ လန်းဆန်းနေသည်။
စိုထိုင်းနေသော မြေနီလမ်းပေါ်တွင် ခရီးသွားကားတစ်စီး ဖြတ်မောင်းသွားသည်။ကားအရှိန်ကြောင့် အရိုးရှည်၍ အပွင့်ဖြူသော အပင်ငယ်များက လက်ကျန်တိုက်လေအတိုင်း ယိမ်းနွဲ့သွားရာ ထိုအပွင့်ဖြူများထဲမှ ရေစက်ကလေးသည် မြေကြီးပေါ်သို့ လိမ့်ကြသွားသည်။
ပန်းပွင့်ကလေးမှာ ရေစက်ကလေးအား သနားသော်လည်း မည်သို့မှမကူညီနိုင်အား၊ ရေစက်ကလေးက မြေနီသားများထဲ ပျော်ဝင်သွားပြီး အပင်ရှိရာသို့ အာပေါဓာတ်အဖြစ် ရောက်ရှိသွားကာ သူခေတ္တခန ခိုလှုံခဲ့သော ပန်းပွင့်လေးအား အဝေးမှစောင့်ရှောက်နေသည်။
တွေ့ဆုံခြင်းတို့မည်သည် ခွဲခွာခြင်းတို့၏အစဖြစ်သည်။ခွဲခွာခြင်းမှသည် လောက၏နိယာမအတိုင်း ပြန်လည်ပေါင်းစည်းခြင်းသို့ ရောက်ရှိသွားပြန်သည်။
ရွက်နုတို့အားကြိုဆိုချိန် ရွက်ဝါများက မြေခပေးရသည်။ရွက်ဝါများရဲ့ ဆွေးမြေ့ခြင်းမတိုင်မီ သူတို့ကြိုဆိုခဲ့ဖူးသော ရွက်စိမ်းများကိုကြည့်၍ ဤသို့ဆိုသည်။
'ခွဲခွာခြင်းသည် လမ်းဆုံးမဟုတ်.....
ပြန်လည်ပေါင်းစုခြင်းသည် လောကနိယာမဖြစ်သည်
ရွက်နုတို့သည် နေရာတစ်ခုတွင် ထာဝရမရှိနိုင်...' တဲ့သဘောက လောကတွင် တွေဆုံခြင်းကို ထာဝရလို့ သတ်မှတ်မရ။ခွဲခွာခြင်းသည်လည်း ဝမ်းနည်းစရာမဟုတ်။ အချိန်တန်ရင် အားလုံးကပြန်ဆုံတွေ့ကြမှာဘဲဟု ဆိုလိုသည်။
CITEȘTI
ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completed