(အပိုင်း-31)Final

2.8K 49 0
                                    

Unicode

ကိုကိုသူငယ်ချင်းများနဲ့ စကားပြောနေတုန်း ခွန်းက ကလေးကိုချီပြီး အပြင်ထွက်သည်။သူငယ်ချင်းတွေပြန်ဆုံကြတုန်း အေးအေးဆေးဆေး စကားပြောကြပါစေဟုဆိုကာ နေရာရှောင်ပေးလိုက်ခြင်းပင်။

ခြံထဲက ဒန်းတစ်ခုမှာထိုင်ပြီးနေစဥ် ကိုကိုသူငယ်ချင်းများထဲကတစ်ယောက်က ခွန်းအနားလျှောက်လာသည်။ရုံးကတစ်ဆင့်လာခဲ့သည်မို့ နောက်တွဲဆံတုံးကလေးနဲ့ ထိုအမျိုးသမီးက ငယ်ရွယ်ပေမဲ့ ရင့်ကျက်တည်ငြိမ်သော သဘောထားရှိသည်။

မြန်မာဝတ်စုံလေးက သွယ်လျသောခန္ဓာကိုယ်ပေါ်မှာ သူ့နေရာနဲ့သူအံ့ဝင်ကွင်ကျရှိလှပြီး ယဥ်ယဥ်လေးနဲ့လှသည့် မိန်းကလေးတစ်ဦးပင်။သူမက ကတ္ထီပါဖိနပ်လေးစီးထားပြီး မနှေးမမြန်သောခြေလှမ်းဖြင့် အနားကိုရောက်လာသည်။
"အစ်မထိုင်လို့ရမလား"

"ဟုတ်ကဲ့"

ဒန်းရဲ့ဘေးအစွန်လောက်မှာ ဖြေးဖြေးချင်းထိုင်ပြီး ကလေးကိုမြှူရင်း ခွန်းကိုစကားစပြောသည်။
"နွေဦးက မောင်လေးကို တော်တော်​လေးချစ်တဲ့ပုံဘဲ"

"ဗျာ..."

"အင်း သူကလူနုလေ... အချစ်ကြီးသလို အမျက်လည်းကြီးတဲ့သူ။တော်ရုံသဘောကျယုံနဲ့ သူဘက်က ဒီလောက်ထိစဥ်းစားမှာမဟုတ်ဘူး"

"ဗျာ"

ထိုအစ်မ ဘာကိုရည်ညွှန်းနေမှန်း ခွန်းမသိပါ။ဘာမှမသိသေးတဲ့လူလို တဗျာဗျာနဲ့ ဖြစ်နေရသည်။ခွန်းကိုကြည့်ပြီး စကား​ပြောနေတဲ့အစ်မကလည်း ဘာဆက်ပြောရမလဲ မသိတဲ့ပုံပင်။ထိုအစ်မလိုပင် ခွန်းလည်း ဘာဆက်ပြောရမှာလည်းမသိ။

"မောင်လေးကို ဟိုကောင်ဘာမှမပြောသေးဘူးလား"

"ဟင့်အင်း ...ကိုကိုဘာတွေဖုံးထားတာလည်း ကျွန်တော့်ကိုပြောပြပါလား"

ကိုကိုက ခွန်းရဲ့နောက်ကွယ်မှာ မဟုတ်တာလုပ်မဲ့သူလည်းမဟုတ်ပါဘူး။ဒါပေမဲ့ တစ်ခုခုဆိုခွန်းနဲ့မတိုင်ပင်ဘဲ တစ်ယောက်တည်းကြိတ်ပြီးလုပ်တတ်တာကို  ခွန်းကမကြိုက်။ ဟိုတစ်ခါကလည်း ခွန်းရဲ့မိဘအရင်း​​တွေကို သွားရှာဦးမလို့ ခွန်းကတားထားရသည်။

ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completedDonde viven las historias. Descúbrelo ahora