(အပိုင်း-30)

774 36 0
                                    

Unicode

ပုံမှန်မဟုတ်သော အချက်များ၊သာမန်မိသားစုများလို ယောက်ျားမိန်းမဖြင့် တည်ဆောက်ထားခြင်းမဟုတ်သော အိမ်ထောင်ရေးကို အခြေခံအုတ်မြစ်ကစလို ဖန်တီးတည်ဆောက်နေရချိန် နှစ်ဦးနှစ်ဖက်ဆွေးနွေးညှိနှိုင်းရတာများ ရှိလာခဲ့သည်။

မိသားစုဟုဆိုရာတွင် အဖေ(အိမ်ဦးနတ်)က အပြင်ထွက် အလုပ်လုပ်၍ပိုက်ဆံရှာရသည်။အမေ(အိမ်ရှင်မ)ကတော့ မိုးလင်းကမိုးချုပ် မိသားစုတာဝန်တွေကြား ကိုယ်အပိုင်အချိန်ကို မနည်းရှာယူရသည်။ဒါဟာ.... သာမန်မိသားစုများအတွက်ဖြစ်သည်။

ခွန်းတို့အိမ်ထောင်ရေး အစမှာတော့ အိမ်ရှင်မတာဝန်ကို တစ်ယောက်တည်းတာဝန်ယူချင်တဲ့ ခွန်းနဲ့၊ ခွန်းကို ကျောင်းဆက်တတ်စေချင်တဲ့ကိုကို...။ပညာရေးမှာ ကံစမ်းမဲပေါက်သလို အမှတ်လေးရာကျော်နဲ့ ကပ်အောင်သွားပေမဲ့ ခွန်းသက်တံ့ဆိုသူအတွက်တော့ ကျောင်းဆက်တတ်ချက်စိတ်က နတ္ထိ မရှိ။

ကိုယ့်စိတ်မှာက ပညာရေးထက် တစ်ခြားအရေးတွေကို စိတ်ဝင်စားတတ်သူမို့ ကျောင်းတတ်ဖို့အစီအစဥ်ဆိုတာ ခွန်းစိတ်ထဲမှာမရှိတော့တာကြာပါပြီ။ကိုကိုကတော့ အနည်းဆုံးဘွဲ့လေးတစ်ခုတော့ ရစေချင်သည်တဲ့။ဖေဖေကတော့ ခွန်းစိတ်တိုင်းကျဆုံးဖြတ်ပါစေဟု လေးငယ်လေသံဖြင့်ပြောလာသေးသည်။

တစ်လ..နှစ်လမက အခြေအတင်ဖြစ်ပြီးသွားတဲ့နောက်မှာ ကျောင်းဆက်တတ်စေချင်တဲ့ ကိုကိုကလည်း သူ့ရဲ့ဆန္ဒကိုရုတ်သိမ်းကာ ခွန်းစိတ်တိုင်းကျနေပါဟုဘဲ ပြောလာခဲ့သည်။ဒါပေမဲ့ အိမ်ထောင့်တာဝန်တွေကို တစ်ဦးတည်းတာဝန်မယူဖို့  ထပ်ပြီးသတိပေးလာသည်။ခွန်းကလည်း ကိုကိုစိတ်တိုင်းကျ နေဖို့ကတိပေးလိုက်သည်။

မနက်ပိုင်းဆို ကိုကိုက ဘုရားခန်းသန့်ရှင်းရေးလုပ်ရင် ခွန်းကခြံထဲကနှင်းဆီနဲ့ တစ်ခြားပန်းလေးတွေကို ဘုရားပန်ကပ်ဖို့ပြင်ပေးထားလိုက်သည်။ကိုကိုဘုရားဝတ်ပြုနေပီဆိုရင် ခွန်းကမနက်စာပြင်ထားတာ ရေသွားချိုးလိုက်သည်။

ကလေးနိုးလာပြီဆိုလည်း ကလေးဝေယျာဝစ္စကို နှစ်ယောက်တည်းနဲ့ အတွဲညီညီလုပ်ကိုင်ကြသည်။ကိုကိုအလုပ်မသွားခင် အိမ်အတွက်ထမင်းအိုးတည်ပေးခဲ့ပြီး ကလေးထိန်းရင်း ခွန်းက ညကတည်းအဆင်သင့်ပြင်ထားသော အသားငါးနဲ့အရွက်တို့ဖြင့် မြန်မြန်ဆန်ဆန်ပြီးသော ဟင်းနှစ်ခွက်လောက်ချက်လိုက်ယုံတင်။

ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completedOù les histoires vivent. Découvrez maintenant