(အပိုင်း-6)

1.2K 72 2
                                    

Unicode

ကားပြတင်းပေါက်မှ အလုအယက် တိုးဝင်လာတဲ့လေထုက. မြို့ပြနဲ့ဆန့်ကျင်စွာ အေးမြ၍ စိုစွတ်မှုလေးလည်း ရောပါနေခဲ့သည်။

ဤနယ်မြေထဲသို့ ရောက်လာပြီဆိုတာနဲ့ ကားရဲ့အပူချိန်ဟာ တစ်ဖြည်းဖြည်းလျော့နည်းလာပြီး လူ့ခန္ဓာကိုယ်သည်လည်း အပူချိန်တို့ ကျဆင်းလာခဲ့သည်။သို့ပေမဲ့ အရမ်းကြီးတော့ နေမရထိုင်မရ ဖြစ်ရလောက်တဲ့အထိတော့ ရုပ်ပျက်ဆင်းပျက် အေးနေတာမျိုးလည်းမဟုတ်။

နွေဦးရောက်လာပြီမို့လို့ ထင်ပါရဲ့ .....။

ကားလမ်းဘေးတစ်လျှောက် အရွက်သေးသော ခြုံပုတ်ငယ်များ တစ်စုတစ်ဝေးတည်း ရှင်သန်ပေါက်ရောက်နေကြပြီး နှင်းရေစိုစွတ်၍ အပင်တိုင်းလန်းဆန်းနေသည်။

ဒါတောင်မှ မြို့အဝင်ဘဲရှိသေးတယ် .....။

ဒီမြို့က. သူ့ရဲ့မွေးရပ်မြေတော့မဟုတ်သေး။ ဒါပေမဲ့ ဒီမြို့လေးအပေါ်မှာတော့ သံယောဇဥ်တော့ရှိပါတယ်။အထူးသဖြင့် ဒီမြို့မှာမွေး ဒီမြို့မှာကြီးတဲ့ ​ကောင်​လေးတစ်ယောက်အပေါ်မှာပေါ့။

ချစ်စရာ​​ကောင်းသော ဓလေ့ထုံးစံများနဲ့ အေးချမ်းလှသော ပတ်ဝန်းကျင်ငယ်လေးတွင် ရိုးသားဖြူစင်သော တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြသည်။

ရိုးရှင်းသော လူနေမှုဘဝသည်ကား ပကာသန အဆောင်အယောင်ကင်းသော်လည်း လူတိုင်း နေချင်ကြပေမဲ့ မနေနိုင်သော ဘဝများဖြစ်သည်။

မြို့ပြသည်ကား လူစုံ ၊ နေရာစုံက လာရောက်ကြတဲ့လူတွေသာမက
စရိုက်ပေါင်းစုံနဲ့ အကျင့်စာရိတ္တပေါင်းစုံစုဝေးရာ မရှိမကောင်း ရှိလည်းမကောင်းသော နေရာလည်းဖြစ်သည်။

သောင်းပြောင်းထွေလာ အကြောင်းအရာများနဲ့ အရေးမပါသော ကိစ္စရပ်များ သတင်းများ ၊ အတင်းများ စုံစည်းရာ အမှိုက်လိုပတ်ဝန်းကျင်ငယ်များ ပေါ်များလွန်းသည်။

ရိုးသားလွန်သူများမှာ ခြောက်ချခံရမှုများ​ပြားကာ စိတ်ဓာတ်ရေးရာ ညံ့ဖျင်းသူတစ်ချို့ကတော့ စင်ပေါ်ကနေကြည့်နေကြသည်။

အမြှီးဖျက်အမြှီးစား ခေါင်းဖျက်ခေါင်းစား စသော ကိစ္စများ ၊ ဝန်ထမ်းများခေါင်းပုံဖြတ်ခံရခြင်းကြောင့် ဒုက္ခရောက်ကျရသူများမှာ ဒုနဲ့ထေးရှိနေကြပြီး မျက်စိမှိတ် နားပိတ်နေနေကြသည့် ပတ်ဝန်းကျင်များလည်း ရှိသေးသည်။

ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completedDonde viven las historias. Descúbrelo ahora