Unicode
"သားအဖေတွေနဲ့ အဆက်အသွယ်မရတော့တာ သုံးနှစ်လောက်ရှိပြီ။နောက်ဆုံးအကြိမ်မြောက်တွေ့ခဲ့ရတုန်းက သွင်ယောငယ်ကတော့ သိပ်ပြီးကျန်းမာရေးကောင်းပုံမရဘူး။သားအဖေကတော့ ကျန်းကျန်းမာမာပါဘဲ"
ဆရာကြီးပြောတဲ့စကားတို့ကြောင့် ခွန်းတိတ်ဆိတ်သွားသည်။မဟုတ်မှလွဲရော
"ဆရာကြီး စောနကကျွန်တော့ကြားလိုက်တာ ဖေဖေနဲ့ သွင်ယောငယ်ဆိုတာ"
ခွန်းရဲ့ ဘာမှမသိတဲ့ပုံစံကြောင့် အကြမ်းရည်သောက်နေတဲ့ ဆရာကြီးရဲ့လက်တို့ နေရာမှာတင်တန့်သွားခဲ့သည်။ ကြွေခွက်ဘောင်ပေါ်မှာ အငွေ့တလူလူဖြစ်နေတဲ့ ရေနွေးငွေ့များကလွဲလို့ ကျန်တာအားလုံးငြိမ်သက်သွားပြီလို့ ထင်မိတော့ မျက်တောင်နှစ်ချက်ပုတ်ခပ်လိုက်သည်။
ထိုကြမှ ဆရာကြီးဟာ လက်ထဲက ဓာတ်ပုံအယ်လ်ဘမ်လေးအား ခွန်းအရှေ့ကိုထိပေးလာခဲ့သည်။
"ဖွင့်ကြည့်လိုက် သား"
ဘာတွေရှိနေမှန်း ကြိုမသိနိုင်ပေမဲ့ အတွေးထဲမှာတော့ စိတ်လှုပ်ရှားတဲ့စိတ်နဲ့ စိတ်ပူပန်တဲ့စိတ်တို့ အပြိုင်လွန်ဆွဲနေခဲ့သည်။
တွန့်ဆုတ်နေတဲ့ ခွန်းအား ထိုင်ခုံကိုမှီပြီးအကြမ်းရေသောက်ကာစောင့်ကြည့်နေတဲ့ ဆရာကြီးက လျှို့ဝှက်စွာပြုံးလေသည်။
သားရေအဖုံးအနီရောင်လေးက သေချာကြည့်ရင် ခွန်းလက်ထဲက ဒိုင်ယာရီစာအုပ်ကလေးနဲ့ အလားသဏ္ဍာန်တူနေခဲ့သည်။အဖုံးတင်မက စာအုပ်အလည်က ဆီဆေးထူထူဖြင့်ဆွဲထားသော ပန်းပွင့်နီနီလေးကလည်း တစ်ပုံစံတည်းပေ။
မတူတာဆိုလို ခွန်းလက်ထဲကစာအုပ်မှာ စာရေးဖို့ရန် တစ်ကြောင်းမျဥ်းတွေသာပါပြီး ထိုစာအုပ်ထဲမှာတော့ ဓာတ်ပုံထည့်ရန်အိတ်လေးများပါနေ၏။
"ကျွန်တော့်မှာလည်း ဒီလိုစာအုပ်တစ်အုပ်ရှိတယ်ဆရာကြီး"
စိတ်လှုပ်ရှားစွာပြောနေတဲ့ ခွန်းကိုဆရာကြီးက ပြုံးပြီးကြည့်လာသည်။နောက်တော့ ဖြေးညှင်းစွာခေါင်းညိမ့်ပြသည်။
VOCÊ ESTÁ LENDO
ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completed