(အပိုင်း-28)

681 36 1
                                    


Unicode

"ပါးပါးသားလေး အစောကြီးနိုးနေတာဘဲ... "

လွန်ခဲ့တဲ့တစ်ပတ်က ကိုကိုနဲ့အတူဆေးရုံသို့ ကလေးမွေးစာရင်း သွားထုတ်ခဲ့ကြသည်။ရက်မပြည့်ခင် ဆေးရုံကဆင်းလို့ တာဝန်ခံဆရာဝန်တစ်ချို့က ခွန်းတို့အားဆူပူကြ၏။အကျိုးအကြောင်းပြောပြတော့ မယုံချင်ယုံချင်နဲ့ အင်တင်တင်ပင် မွေးစားရင်းထုတ်ပေးတော့မှ စိတ်အေးသွားရသည်။

အချိန်က မနက်ရှစ်နာရီထိုးလုပြီဖြစ်ကာ ဆောင်းကြာခြည်များအစား လေနုထွေးများ အစားထိုးဝင်ရောက်နေခဲ့ပြီ။ ခွန်းတို့စျေးကပြန်လာတော့ လေးငယ်လက်ထဲ၌ ဂျူနီယာကြည်နူးလေးအား တွေ့လိုက်ရ၏။ကလေးကို သိုးမွှေးဦးထုပ်ကလေးဆောင်း​ပေးထားကာ နေပူပြနေသည်မို့ နူးညံ့သောအသားစိုင်လေးများမှာ နေရောင်ခြည်အောက် တောက်ပစွာလဲ့ဖြာနေတော့သည်။

'အဲ...အဲ...'

"အူးမွ....မွှေးလိုက်တာကွာ ကလေးကပေါင်ဒါတွေ အားကြီးလူးထားတာဘဲ ဟုတ်လား"

'အဲ....အဲ....'

"ကလေးက ပါးပါးဆီလာချင်လို့လား "

ကလေးမှာ တအဲအဲ,သာပြောနိုင်ပေမဲ့ အလွန်ထူးခြားသော ဘာသာစကားကိုနားလည်နေသော ခွန်းခင်မျာ တစ်ယောက်တည်းပြော တစ်ယောက်တည်းသဘောကျနေသည်။

နို့ဘူးဝ,နေသော ဂျူနီယာကြည်နူးလေးမှာ မျက်မှောင်ကြီးကုပ်ရင်း ခွန်းသက်တံ့အားကြည့်နေသည်ကို သွင်ယောငယ်မှာ တော်တော်လေးသဘောကျနေမိသည်။မြင်ရတွေ့ရပုံမှာ ကလေးက ကလေးကိုပြန်ထိန်းနေသလိုပင်...။

တစ်ကယ့်ကလေးက တည်ငြိမ်နေသလောက် ကလေးကြီးမှာ အတော်လေးချစ်ဖွယ်ကောင်းနေ၏။ခြံထဲကခုံတန်းတစ်ခုပေါ်မှာ ကလေးချီပိုးရင်းထိုင်နေသည့် သွင်ယောငယ်ရဲ့ခြေရင်းက မြက်ခင်းစိမ်းပေါ်မှာ ဒူးနှစ်ဖက်ထောက်ရင်း ကလေး​မြှူနေသူလေးကို အိမ်ကြီးအတွင်းက အမျိုးသားနှစ်ယောက်ကလည်း သဘောကျစွာကြည့်ရှုနေကြ၏။

ရယ်သံလွင်လွင်လေးကိုကြားရတိုင်း ခြံထဲကသက်ရှိသက်မဲ့အားလုံး ချွင်းချက်မရှိစွာလှပနေကြသည်လို့ပင် တွေးမိစေခဲ့သည်။မနက်ခင်းရဲ့ကျက်သ​ရေ​မှာလည်း အပြစ်ကင်းစွာရယ်ရွှင်နေသူလေးကြောင့် ပို၍ပင်မင်္ဂလာပြည့်ဝလာခဲ့၏။

ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completedOù les histoires vivent. Découvrez maintenant