Unicode
ဖန်ခွက်ရှည်ထဲက ပူစီပေါင်းများအား အလုပ်မရှိထိုင်ရေနေရင်း ရင်မောမောနဲ့တစ်ငုံသောက်လိုက်သည်။ပန်ကာလေကြောင့် လူကသက်သောင့်သက်သာဖြစ်နေပေမဲ့ စိတ်ကတော့မတတ်သာပါ။
"ဒီကလေးက"
မကြာရတာကြာပေမဲ့ နားထဲအမြဲအမှတ်ရနေဆဲ ဖေဖေရဲ့ အသံချိုချိုလေးကြောင့် စကားပြောဖို့အစရှာနေတဲ့ ဆရာကြီးက
"အော်...အေး ကောင်လေးနာမည်က ကြည်နူးတဲ့ ငါ့တပည့်တစ်ယောက်ရဲ့သား။သူ့မိဘတွေက ထိန်းမနိုင်တော့လို့ ငါ့ဆီပို့ထားတာ"
ခွန်းတို့တိုင်ပင်ထားကြတဲ့အတိုင်း ဆရာကြီးကခွန်းအား နာမည်လွဲပြောသည်ကို ဖေဖေက ခေါင်းတစ်ညိမ့်ညိမ့်နဲ့ နားထောင်နေ၏။
မျက်လုံးတောက်တောက်နဲ့ ဖေဖေက ခွန်းအားသေချာကြည့်ကာ သူ့ရှေ့ကအအေးခွက်ကိုယူသောက်သည်။ဖေဖေကတော့ မျက်မှန်လေးသာမပါရင် တစ်ကယ့်ဆယ်ကျော်သက်လူငယ်လေးလိုပင်။
.
.မန္တလေးနွေပူပူထဲ ချိုအေးသောအရသာက လည်ချောင်းထဲ အေးမြစွာစီးဆင်းသွားပေမဲ့ ရင်အဝမှာ တစ်ခုခုခံနေသလို စိတ်ထဲကခံစားရသည်။ထူးထက်မြတ် သူ့ရှေ့ကလူငယ်လေးကို တစ်နေရာရာမှာမြင်ဖူးနေတယ်လို့ ထင်မိသည်။ဦးလေးလုပ်သူ တပည့်တွေရဲ့သားဆိုတော့ တစ်ချိန်ကသူနဲ့သိဖူးတဲ့လူမို့ဘဲနေမှာပါ။
အသားဖြူဖြူ ခန္ဓာကိုယ်ကျစ်ကျစ်လျစ်လျစ်နဲ့ မျက်လုံးဝိုင်းများက စူးရဲ့နေကာ ဉာဏ်ကောင်းမဲ့ပုံစံဘဲလို့ အပေါ်ယံအားဖြင့် စိတ်ထဲကနေအမှတ်ပေးမိသည်။
"ကျွန်တော်မနက်ဖြန်ပြန်တော့မှာ လေးဖေ။ လေးဖေတို့ရော"
"အင်း...ငါလည်းအဲ့တာဘဲပြောမလို့ကွ နောက်နှစ်ရက်နေရင် ငါတရားစခန်းဝင်မလို့ ကြည်နူးကို မင်းဆီအပ်ချင်လို့ ။သူကလည်း ချင်းပြည်ကိုရောက်ဖူးချင်တယ်ဆိုလို့ပါကွာ ခဏခေါ်ထားစမ်းပါ"
တော်ရုံ ထူးထက်မြတ်တို့ဘက်က စပြီးဆက်သွယ်တောင်မရတဲ့ လေးဖေက ရန်ကုန်ကနေမန္တလေးကို ချက်ချင်းရောက်လာပြီး ကလေးထိန်းဖို့တောင်းဆိုနေတာလား။
ကောင်လေးကြည့်တော့ ထူးထက်မြတ်မျက်လုံးထဲ လည်လည်ဝယ်ဝယ်ရှိမဲ့ ရုပ်လေးဘဲကို ဘာတွေစိတ်မချဖြစ်နေတာလည်း။
VOUS LISEZ
ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completed