(အပိုင်း-17)

466 33 0
                                    

Unicode

ဒီဇင်ဘာရဲ့ အေးမြတဲ့ဆောင်းမနက်ခင်း တစ်ခု၏ မနက်ငါးနာရီအချိန်လောက်မှာဖြစ်သည်။ မီးဖိုခန်းနဲ့ ဘုရားကျောင်းဆောင်ကအလင်းသာ ရှိသည်မို့ တစ်အိမ်လုံးအား သေချာမမြင်ရသေးပေ။လျှောက်လမ်းတွေကမှောင်နေ​ပေမဲ့ ဒီအိမ်မှာနေလာသည့်က အတော်ကြာနေပြီမို့ ဘယ်နေရာဘာရှိလည်း ခန့်မှန်းနိုင်ပေသည်။

အခန်းတွင်းအပူချိန်က အသင့်အတင့်ရှိသော်လည်း ဇောချွေးပြန်လျှက်ရှိသည်။ခြေကိုဖွဖွနင်းနေရင်းဘဲ အခန်းတစ်ခုထဲကိုဝင်ကာ ပစ္စည်းတစ်ခုအားထုတ်ယူလိုက်သည်။

ကြမ်းပြင်နဲ့ပွတ်တိုက်မိသော အသံကြောင့် လုပ်ဆောင်မှုများအား ခနတာရပ်တန့်လိုက်သည်။ဖုန်းမီးရောင်ကြောင့်မြင်နေရတဲ့ စက္ကူဘူးထဲမှာ နီညိုရောင်ဒိုင်ယာရီစာအုပ်တစ်အုပ် ထွက်လာသည်။

တစ်ရွက်..........

နှစ်ရွက်..........

ငါးရွက်မြောက် စာမျက်နှာတွင်တော့ တစ်စုံတစ်ယောက်သိချင်သော အကြောင်းတစ်ခုကိုမြင်လိုက်ရသည်။သူဟာ လက်ထဲမှာအသင့်ရှိတဲ့ အနီရောင်စာအုပ်ငယ်လေးထဲ ထိုစာကြောင်းများအားကူးရေးကာ သဘောကျစွာပြုံးလိုက်သည်။

မီးရောင်ဟပ်နေဆဲ မျက်လုံးတောက်တောက်များက အခန်းတစ်ဖက်ခြမ်း မှန်ပြတင်းပေါက်ရဲ့အလွန်က နှင်းရေသောက်၍ လန်းဆန်းနေသော ပန်းပွင့်လေးများထက် ပိုလှကာ၊ ဆောင်းမနက်ခင်းရဲ့ အေးချမ်းမှုထက်ပိုသည့် အေးချမ်းသောမျက်နှာလေးရှိသည်။

___________________________

ကမ္ဘာလောကကြီးထဲ မိုးကုပ်စက်ဝိုင်းဆီမှ နေနတ်သမီးတစ်ပါး ပင်လယ်ကိုကျော် နှင်းထုကိုထိုးဖောက်လို့ လေပြေထဲကိုကျူးကျော်ဝင်ရောက်လာတော့သည်။လှုပ်ရှားမှုအနည်းငယ်နဲ့ တိတ်ဆိတ်ငြိမ်သက်နေသော လူ့လောကကြီးကို သူမက အိမ်ရှင်လောကကြီးလို့ ခေါ်သည်။

လောကလူသားများကတော့ သက်တမ်းတစ်ခုနဲ့ လာလည်ကျတဲ့ ဧည့်သည်များဖြစ်သည်။သူမက အိပ်ပျော်နေဆဲလောကကြီးအား နွေးထွေးသောအသံလေးဖြင့် တိုးညှင်းညှင်းခေါ်ယူကာ အိမ်သားများအားနိုးထစေရန် ကူညီခိုင်းတော့သည်။

ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completedWhere stories live. Discover now