(အပိုင်း-11)

757 48 4
                                    

Unicode


နှလုံးသားတစ်ခုလုံး ဆွဲညှစ်ခံရသလို အသက်ရှူနှုန်းတွေဟာ မတည်ငြိမ်နိုင်ဘဲ နှုတ်ခမ်းစပ်များမှာ တုန်လှုပ်နေခဲ့သည်။နားထင်ကြော တစ်ယောက်လုံး စူးနစ်မှုကိုခံစားရပြီး ဦးခေါင်းခွံအား ဆယ်ပေါင်တူနဲ့ အထုခံရသလို ကိုက်ခဲနာကျင်လာသည်။

အတိတ်တို့သည် မလှပခဲ့ရပေမဲ့ စွဲလမ်းတတ်တဲ့စိတ်ကြောင့် အတိတ်ဆီသို့ တစ်ဖန်ပြန်လည်ရောက်ရှိသွားခဲ့သည်။

ပိုင်ဆိုင်ရာ ခန္ဓာကိုယ်သည်က ပစ္စုပန်တွင် ငြိမ်သက်စွာ လဲလျောင်းအိပ်စက်နေခဲ့သည်။အသက်ရှူသံများက တိုးညှင်းလာကာ နှလုံးခုန်နှုန်းကလည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
ရုပ်သည် တည်ငြိမ်စပြုလာခဲ့ပြီး နာမ်သည်က အတိတ်သို့ လွင့်မျောသွားသည်။

.................ခွန်း  ................

"မင်းရဲ့ဆုံးဖြတ်ချက်က သေချာလား"

"သေချာပါတယ်"

အလင်းရောင်ပြပြသာ မြင်နေရတဲ့ သစ်သားအိမ်အိုထဲသို့ ခွန်းပြန်ရောက်လာခဲ့သည်။

ဒီပုံစံ...........။

ဒီအပြင်အဆင်...........။

ဒီအသံတွေက.....မြင်ဖူးကြားဖူးနေသလို ရှိနေသည်။

မေမေကွယ်လွန်ပြီး  တစ်ရက်ကျော်က ကြီးကြီးသည် ခွန်းတို့အိမ်ကို ညဘက်ကြီး ရောက်လာခဲ့သည်။ထိုညက ကြီးကြီးသည် ဧည့်ခန်းအလယ် ဆိုဖာခုံ၏ ထိပ်ဆုံးတွင်ထိုင်နေသည်။

ငွေမျှင်ရောင် သိုးမွှေးဆွယ်တာ ကိုယ်ကျပ်နဲ့ ဘောင်းဘီအရှည်ကိုဝတ်ဆင်ထားသည်။ဆံပင်အရှည်များကို အမြင့်သို့မြှောက်စီးထားပြီး မျက်နှာထားတင်တင်းနဲ့ သူ့ရှေ့ကလူကိုကြည့်နေသည်။

အတိတ်နေ့ရက်များက ခွန်းသက်တံ့သည် သေးသွယ်တဲ့ ခန္ဓာကိုယ်ပေါ်မှာ ပန်းနုရောင် ဂါဝန်ရှည်ကိုဝတ်ဆင်ထားပြီး ပုခုံးကျော်သော ဆံပင်စုများကို ကြီးကြီးကဲ့သို့ အမြင့်သို့မြှောက်ကာစီးထားသည်။ရှင်းလင်းနေသော မျက်နှာပေါ်မှာ မီးလင်းဖိုကလာတဲ့ အလင်းရောင်ကြောင့် မျက်နှာသေးသေးလေးက ဝင်းပပ​လေးဖြစ်နေခဲ့သည်။

ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completedWhere stories live. Discover now