Unicodeတိတ်ဆိတ်ခြင်းတို့ကြိီးစိုးနေသော အခန်းအတွင်း လေတိုးသံမျှမကြားရပေ။မီးရောင်မကျရောက်နိုင်သော အခန်းတစ်ခုအတွင်း ဖယောင်းတိုင်မီးရဲ့အလင်းရောင်ဟာ မှိန်တစ်လှည့်လင်းတစ်လှည့်သာ။ညမွှေးပန်းရနံ့ သင်းမြမြရောပါနေသော လေတစ်ချက်က လိုက်ကာစအဖြူတို့အား တွန်းကာတိုက်ကာဖြင့် အခန်းထဲရောက်လာခဲ့ချိန် စာရွက်လှန်သံတစ်ချက်ကြားရသည်။
ပိုးကောင်သံလေးများက ညဥ့်နက်လေ ပိုကျယ်လာပြီး လရောင်အောက်မှာ မြူးထူးနေသည်ထင်ပါသည်။ကိုယ်မသိတဲ့ တိရစ္ဆာန်အမှုန်အမွှားလေးများက ပျော်ရွှင်လှုပ်ရှားနေကြစဥ် သူတို့သတိမထားမိတဲ့ ကိုယ့်ရဲ့ဘဝက မသာသောလရဲ့ ကောင်းကင်လိုဘဲ။ရှိတာသိတယ် သို့သော် ရှိသည်မထင်တော့။ဆိုရင်းမှာ လိုအပ်လွန်းသောတစ်စုံတစ်ယောက် ရှိနေတာသိပေမဲ့ သူဟာကိုယ့်အတွက် မည်သည့်အကူအညီကိုမှ မပေးနိုင်တော့တာ သိသွားခဲ့ပြီဟု။
လေကြောင့်စာရွက်ဆီမှလာသော အနံ့တစ်မျိုးက နှာဝမှာ ကျီစယ်ပွတ်သီနေကြောင်း သတိထားမိချိန် ၊ စာပါအကြောင်းအရာများက ထိုစက္ကူရနံ့လို အဟောင်းမှသည် အနာဂတ်တွင်တဝဲလည်လည် လုပ်နေကြောင်း ဝမ်းနည်းဖွယ်သိရှိလိုက်ရသည်။
မိမိ မမွေးဖွားခင်က ရှုပ်ထွေးပွေလီလှသော နှလုံးသားအရှုပ်တော်ပုံကြီးတွင် လူသားနှစ်ယောက် အနိုင်ရခဲ့သည်။သို့ပေတည့် ထိုနှစ်ယောက်အတွက် ဆုလာဒ်ကအရှုံး(သို့တည်းမဟုတ်)ဥပေက္ခာတရားပင်ဖြစ်ခဲ့၏။
အတ္တ ၊ ချစ်ခြင်းမေတ္တာ ၊ အမှား တို့မြစ်ဖျားခံရာဟာ တစ်စုံတစ်ယောက်က တစ်ယောက်တစ်ယောက်ကို မှားယွင်းစွာမြတ်နိုးမိခြင်းပင်။
ချစ်သူနှစ်ဦးသား ပွင့်လင်းမှုမရှိခြင်းသည်ကလည်း ပြဿနာတွေထဲမှာ အဆိုးဆုံးပြဿနာလည်းဖြစ်နေသည်။
မျက်တောင်များ တစ်ဖြေးဖြေးခတ်နေရင်း အဝါရောင်မီးတောက်အောက်က ညစ်ထွေးထွေးစာလုံးများကို ဂရုတစ်စိုက်ဖတ်နေခဲ့သည်။အချိန်တစ်ခုကြာသောအခါဝယ် စာအုပ်ရဲ့နောက်ဆုံးစာမျက်နှာသို့ ရောက်လာခဲ့သည်။
VOUS LISEZ
ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completed