(အပိုင်း-15)

601 33 2
                                    


Unicode

နေရောင်ပြင်းပြင်းအောက် အကာမရှိသော light truckကား၏ အမိုးအောက်မှာ အပူဒဏ်ကိုကြိတ်ခံစားနေရသည်။စက်ခေါင်းနှင့်နီးရာတွင် ပါလာသောအဝတ်ထုတ်များ ထိုးထည့်ပြီး လူများကတော့ တိတ်ဆိတ်စွာနဲ့ ပတ်ဝန်းကျင်ကိုစူးစမ်းနေကြသည်။

"ရွာကိုရောက်ဖို့ ဘယ်လောက်လိုသေးလဲ"

အဖွဲထဲမှ ဆရာကြီးက အရှေ့ခန်းကကားဆရာနဲ့ ဆီဖြည့်နေစဥ် မေးမြန်းနေသည်။ကားပေါ်မှလူများမှာ အားလုံးကပရဟိတ ကျောင်းဆရာ/မ များဖြစ်တာနဲ့အညီ အခုမှကြုံဖူးတွေ့ဘူးကြပေမဲ့ ရင်းနှီးလွယ်ကြသည်။

"ဆရာစိုင်းမင်း သန့်စင်ခန်းလေးဘာလေး မဝင်တော့ဘူးလားဗျ"

"ရပါတယ် ဆရာကြီး ကျွန်တော်မဝင်တော့ပါဘူး"

စိုင်းဆွေတော်မင်းလည်း ဆရာကြီးအား အကျိုးအကြောင်းပြောပြတော့ ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ ကျန်တဲ့လူများအား အမြန်လက်စသတ်ကြရန် ဆီဆိုင်အနောက်ဘက်သို့ဝင်သွားသည်။

စိုင်းဆွေတော်မင်းက တောင်ကြီးသားဆိုတော့ ဒီလောက်ပူနေတဲ့ အပူရှိန်ကိုခန္ဓာကိုယ်က လက်မခံနိုင်တော့ချေ။ပူလွန်းလို့ စည်းနှောင်ထားတဲ့ဆံစတွေကြား ချွေးစီးကြောင်းများကျနေပြီး လည်တိုင်ကျောတွင်လည်း ရေတံခွန်လို ချွေးများကအဆက်မပြတ်တော့။

မနက်ကဝတ်လာတဲ့ ဂျင်းဘောင်းဘီဟာ ယခုမူ ပုဆိုးတစ်ထည်နဲ့ လဲဝတ်ခြင်းကိုခံလိုက်ရသည်။ပူတော့လည်း ပုဆိုးနဲ့ဆိုတော့ တစ်ခါလောက်ခါလိုက်ရင် ဂျင်းဘောင်းဘီထက်စာရင် အောက်ပိုင်းတစ်နေရာတော့ အေးသွားတာဘဲလေ။

ဝတ်ထားတဲ့ရှပ်အိင်္ကျီကတော့ ရုပ်မပျက်အောင်သာ အင်တက်တင်နဲ့ဆက်ဝတ်ထားရတာဖြစ်ကာ အထဲတွင်တော့ စွပ်ကျယ်တစ်ခုလုံး ရွှဲစိုနေပြီဖြစ်သည်။

"ဆရာ ရေခဲဘူးယူပါလား"

ကားပေါ်ကဆရာမလေးတစ်ယောက်က သူ့အဖြစ်ကိုသိလို့လားဘဲ ရေခဲရေဘူးကမ်းလာသည်။

"အားနာစရာကြီးဗျာ"

သြရှသံလေးနဲ့ အချိုသာဆုံးပြုံးပြကာ ရေဘူးကြည့်နေတဲ့ ထိုအမျိုးသားကို လွှာဖူးမေ သဘောကျနေမိသည်။ယောက်ျားဆန်သော မေးရိုးမျက်နှာပေါက် စူးရှကာ အကြည်ညိုခံသောမျက်ဝန်းများကို သူမစိတ်ဝင်စားမိတာကြာပြီ။ထိုလူသားက သူမထက် တစ်နှစ်လောက်သာကြီးသော အဖွဲမှာစီနီယာအကျဆုံး ဆရာတစ်ယောက်ပေ။သူမကတော့ ဆေးကုသရေးအဖွဲနဲ့လိုက်လာရတာဖြစ်ပြီး ကားတွေက မတူပေမဲ့ တစ်လမ်းကျောထဲတစ်ခရီးထဲသွားရသူများမို့ ရင်းနှီးချင်သောစိတ်ကြောင့် ရေဘူးဖြင့်မိတ်ဆွေဖွဲ့နေခြင်းသာ။

ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completedDonde viven las historias. Descúbrelo ahora