Unicodeတစ်ပိုင်းမှမဖတ်ရသေးဘဲ ရှင်းလင်းချက်ကိုအရင်ဖတ်တဲ့သူတွေ ဒီနှစ်ကုန်အထိ ဂေါ်မစွံလူပျိုကြီး အပျိုကြီးတွေဖြစ်ကြပါစေ☺
.
.
.
.
.
.
.
မပြီးပြတ်သေးတဲ့ တိုးလို့တန်းလန်းအမှန်တရားတွေကို ficအသစ်ထဲမှာ ထည့်ရေးမယ်လို့တွေးထားပေမဲ့ တစ်ချို့ဟာလေးတွေကျတော့ ဒီနေရာလေးမှာဘဲရှင်းမှဖြစ်မှာမို့ပါ။ပုံပြင်တစ်ခုလိုပြောကြပါစို့..
လွန်ခဲ့တဲ့နှစ်တွေတုန်းက သွင်ယောငယ်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့မိဘတွေ တာဝန်ကျရာတောင်ကြီးကနေ ဘုရားဖူးခရီးစဥ်လို မန္တလေးမြို့ကိုအလည်လာခဲ့တယ်။တစ်နေ့ သူ့အစ်ကို(ဆရာကြီး)နဲ့ တစ်နေရာကပြန်လာတဲ့အချိန် မန္တလေးဆေးရုံကြီးဘေးက အမှိုက်ပုံထဲမှာ ကလေးတစ်ယောက်ကိုတွေ့ခဲ့တယ်။အဲ့တုန်းက သွင်ယောငယ်အသက် ဆယ့်နှစ်နှစ်ဘဲရှိသေးလို့ ကလေးမွေးစားခွင့်မရပါဘူး။ဒီအစား သူ့အစ်ကို (ဆရာကြီး)က သူ့နာမည်နဲ့အရင်မွေးစားခဲ့တယ်။
အပိုင်း18မှာ ဆရာကြီးပြောပုံက သွင်ယောငယ်က ပညာရေးဝန်ထမ်းတစ်ယောက်။မန္တလေးကိုလာလည်တဲ့အချိန် စွန့်ပစ်ခံထားရတဲ့ကလေးကို တွေ့တော့မွေးစားခဲ့တယ်လို့ ခပ်လွယ်လွယ်ဘဲပြောခဲ့ပါတယ်
အဲ့ဒီအပိုင်းမှာဘဲ ခြံရှေ့ကဆိုင်ကယ်အဖြူလေးဆိုတာ သေချာပေါက်နွေဦးမြင့်မိုရ်ရဲ့ ဆိုင်ကယ်ပါ။နွေဦးနဲ့ ဆရာကြီးပြောခဲ့တဲ့ စကားအသွားအလာအရ နွေဦးကသာ အမှန်တရားတွေကိုဖုံးကွယ်ထားဖို့ ဆရာကြီးကိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အပိုင်း21မှာ ခွန်းက နွေဦးဖွက်ထားတဲ့ စာအုပ်ကို ဖတ်မိသွားပါတယ်။ဒါကြောင့် နန်းယဥ်မွေ့က ခွန်းသက်တံ့ကို မိဘအရင်းတွေဆီက ခိုးယူလာခဲ့တာကိုသိသွားပါတယ်။ဒါပေမဲ့ ခွန်းကသူမသိခဲ့သလို နေခဲ့တယ်။
အပိုင်း22
နှစ်သစ်ကူးညပြီးတော့ နောက်တစ်နေ့ နွေဦးက ဆရာကြီးဆီသွားမှာဖြစ်လို့ ရုံးမတတ်ဖြစ်။ဒါပေမဲ့ ခွန်းကိုတော့ ရုံးကအပြန် နောက်ကျမယ်လို့ပြောခဲ့တယ်။ခွန်းကလည်း နွေဦးအိမ်ပြန်နောက်ကျမှာကြောင့် ဆရာကြီးအိမ်ကိုထပ်သွားဖို့ဆုံးဖြတ်ခဲ့တယ်။တစ်ကယ်တမ်းရောက်လာတော့ ဆရာကြီးကအံ့သြသွားပေမဲ့ ခွန်းသက်တံ့က မုန့်ထည့်ဖို့အကြောင်းပြောတော့ မီးဖိုချောင်ကိုလမ်းညွှန်ခဲ့တယ်။
YOU ARE READING
ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completed