"16"(Uni)

29 1 0
                                    

ဒီနေ့သူငယ်ချင်းနဲ့အတူလျှောက်လည်ဖြစ်တယ် bar သွားလိုက် dancing room သွားလိုက်နဲ့နေရာအစုံကိုသွားနေခဲ့တာ
သေချာပေါက်ကျွန်မအကြံတော့မဟုတ်ဘူးပေါ့နော်

ကျွန်မကကိုယ့်ဘာသာဆိုအနေအေးတဲ့ထဲပါတယ် သေရေးရှင်ရေးမှမဟုတ်ရင်တော်ရုံကိစ္စနဲ့အပြင်မထွက်တတ်ဘူး အခုလဲချစ်လှစွာသောသူငယ်ချင်းမလေးရဲ့ '15 မိနစ်ထဲပါ'ဆိုတဲ့ကတိစကားနဲ့ရောက်လာခဲ့တာ ရလိုက်တဲ့သင်ခန်းစာကတော့ 'bae jin sol စကားဘယ်တော့မှနးမယောင်မိစေနဲ့'ဆိုတာပါပဲ။

ကြည့်အခုလည်း baseball ကစားချင်လို့ဆိုပြီးအတင်းခေါ်
လာတယ်။ ကျွန်မသိချင်သွားတယ်။ baseballကွင်းကၾကႇန်မနေတဲ့အိမ္နဲ့ဆို သိပ်မှမဝေးတာ အစကတည်းကbaseballကစားချင်ရင်တန်းသွားလို့ရတာကို သက်သက်အချိန်ကုန်ခံပြီးမြို့ပတ်နေတာ။

ကွင်းထဲရောက်တော့ယောင်လည်လည်နဲ့တစ်ယောက်ထဲကျန်ခဲ့တာ ဟောဒီ့ကသနားစရာsullyoonaလေးပါပဲ။ ဟိုစပ်စလူးက သူ့crushမမကိုတွေ့တာနဲ့ကော့တော့ကော့တော့နဲ့လိုက်သွားတော့တာပဲ။ ကျွန်မအမြဲတွေးမိတယ် တစ်ခါတစ်လေကြတော့လဲjin sol လိုမျိုးနေရာတိုင်းဝင်ဆံ့အောင်နေတတ်ချင်လိုက်တာလို့။

ကျွန်မလဲလူတွေနဲ့ခပ်လှမ်းလှမ်းနားကထိုင်ခုံမှာဝင်ထိုင်လိုက်တယ်။ နည်းနည်းအပေါ်စီးကျတဲ့နေရာမလို့ထင်တယ် viewကိုတော်တော်ရှင်းရှင်းလင်းလင်းမြင်ရတယ်။ အမှန်တော့ သေးသေးကွေးကွေးမမတစ်ယောက်နောက်မှာ တောက်လျှောက်ကပ်လိုက်နေတဲ့ ကျောနံပါတ် 04 ဆိုတာကိုပဲမြင်တာပါ။ ဒါတောင်သူ့အရပ်ကြီးကြောင့်ထင်းနေတာ။ မတော်တဆအခုချိန်များ မိုးကြိုးလေးထပစ်လိုက်ပါလား သူ့ကိုအရင်ဆုံးမှန်မှာလို ခပ်ချဉ်ချဉ်တောင်တွေးမိသွားသေးတယ်။ ဘာပဲဖြစ်ဖြစ်လေအချစ်အတွက် သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးကိုတောင်ပစ်သွားတဲ့ ပြောမနာဆိုမနာလေးကိုကြည့်ပြီးပြုံးတော့ပြုံးလိုက်မိသား။

အဲ့အချိန်မှာပဲ...ဘုန်း!!!

girl:"အားယား~~နာလိုက်တာ"

a man:"ဟာ အဆင်ပြေရဲ့လားကလေးမ ထိခိုက်မိသွားသေးလား။"

girl:"ဟီး ရပါတယ် ကျွန်မအမှားပါ။ အရမ်းမနာပါဘူး။ "

AlwaysWhere stories live. Discover now