ကြောက်မက်ဖွယ်ရာပြောင်းလဲမှု(Uni)

14 2 0
                                    

အရှေ့ကနေကော့တော့ကော့တော့နဲ့ လျှောက်သွားနေတဲ့အစိမ်းတောက်တောက်ကိုကြည့်ပြီး ကျွန်မတော်တော်မျက်စိဆံပင်မွှေးဆူးနေပါပြီ။ သူ့အရောင်ကသိပ်မတောက်ပေမယ့် ညမီးရောင်နဲ့ ဘေးကအစ်မရဲ့ဝတ်စုံနဲ့တွဲမြင်လိုက်တဲ့အခါအရောင်တောက်နေသလိုဖြစ်နေတာပါ။ အရောင်ကအဲ့လောက်ပြဿနာမရှိပေမယ့် အရောင်ထက်ပိုဆိုးတဲ့အချက်ကိုသိချင်ပါသလား သူ့အရပ်ကြီးမှအားမနာ ရှေးရိုးရာဝတ်စုံနဲ့လူတွေကြားထဲမှာ ဖားရုပ်ဝတ်စုံကြီးဝတ်ပြီးလျှောက်သွားနေတဲ့baeကိုမြင်ကြည့်လိုက်ပါ။

"Bae!နင်အဲ့လိုခုန်စွခုန်စွလုပ်နေမှဖြစ်မှာလား"

ဘေးကကလေးတွေက သူ့ကိုဂေါ်ဇီလာကြီးလို့ပြောလို့ဆိုပြီး ဖားမှန်းသိအောင်ခုန်ပြနေတာတဲ့လေ။ ကြည့်ပါလား bae jin sol ကဘယ်လောက်တောင်ရိုက်သတ်ချင်စရာကောင်းလိုက်သလဲ။ တစ်ခြားသူတွေကကျွန်မတို့လေးယောက်ကိုဝိုင်းကြည့်နေကြပြီ ဒါတောင်ဒီအရိုင်းအစိုင်းကမရပ်သေးဘူး။ အရင်တုန်းကလိုဆို အဲ့ပြောမရဆိုမရကိုကန်ထုတ်လိုက်မိမှာဆိုပေမယ့် အခုသူ့မှာဆိုင်သူပိုင်သူနဲ့ဆိုတော့လဲ

'ဟင်းး စိတ်လျော့ yoona စိတ်လျော့လိုက်'

အစ္မhaewonကေတာ့ ဘာမှမဖြစ်တဲ့အတိုင်းပြုံးကြည့်နေတယ်လေ။ ဒီလိုကြတော့လဲအစ်မက baeကိုသိပ်ချစ်တာသိသာပါတယ်။ သူပဲအဲ့ကလေးမဟုတ်လူကြီးမဟုတ်ကိုချစ်နိုင်တယ်။
ကျွန်မစိတ်ထဲက ဘုကလန့်တွေပဲတွေးနေမိပါတယ်။

"darlingတို့ဟိုဘက်ဆိုင်ကမုန့်တွေသွားကြည့်ရအောင်"

Darlingကလူအနည်းငယ်ရှင်းတဲ့ဆိုင်တစ်ဆိုင်ထဲခေါ်လာခဲ့တယ်။ ကျွန်မလူရှုပ်တာကိုသဘောမကျတာဒီကောင်မလေးသိတယ်လေ။

"အစ္မကjin solကိုတော်တော်ချစ်တာပဲနော်"

"အင်းဟုတ်တယ် အချစ်သာအစ်မနေရာမှာဆိုရင် အဲ့baeကိုငါ့အနားမလာနဲ့ဆိုပြီးတစ်ခါတည်းကန်ထုတ်လိုက်ပြီ"

ကျွန်မမဲ့ရွဲ့ုပြီးပြောတော့ darlingကရယ်လာပြန်ပီ။ ဒီနေ့darlingအရမ်းပျော်နေပုံပဲ သူမအခုလိုလေးခနခနပြုံးနေတာကိုကျွန်မဖြင့်သဘောကျလိုက်တာ။ အထူးသဖြင့် ကျွန်မကြောင့်ဖြစ်လာတဲ့အပြုံးတွေကိုပေါ့။
*********
ကျွန်မတို့အရမ်းညဥ့်နက်အောင်မနေဘဲပြန်လာခဲ့ကြတယ်။ အိမ်ကိုလမ်းလျှောက်ပြန်ကြဖို့ဆုံးဖြတ်လိုက်ကြပြီး မီးရောင်တွေထိန်နေတဲ့ပတ်ဝန်းကျင်ကြောင့်အဆင်ပြေပြေသွားလာနိုင်ပါတယ်။
လမ်းလျှောက်ရတာများပြီးခြေထောက်နာသွားတဲ့အစ်မကိုbaeကကုန်းပိုးထားတယ်။ ဒီအတြဲကေတာ့လာroနေကြတာပဲ။

AlwaysWhere stories live. Discover now