Meet Again(Uni)

9 1 0
                                    

ဒီနေ့ကတော့ ကျွန်မအတွက်တစ်ကယ်ကို ကျက်သရေအဖြာဖြာတုန်းပါတယ်။ အိပ်ယာနိုးကတည် တစ်ခုပြီးတစ်ခုအလွဲလွဲချော်ချော်ဖြစ်နေတာပဲ။ သွားတိုက်ဆေးကိုမျက်နှာလိမ်းမိလို့လိမ်းမိ မျက်နှာသစ်ဆေးကိုယောင်းပြီးသွားတိုက်မိလို့သွားတိုက်နဲ့ ဒီနေ့ဘာတွေများဒီလောက်ကံဆိုးနေရတာပါလိမ့်။

အခုလဲ မျက်နှာသစ်ပြီးနာရီကြည့်လိုက်တော 9ခွဲနေလေပြီ။ 9:45 မှာစမယ့်သင်တန်းအတွက် မနက်စာပေါင်မုန့်ချပ်လေးကိုကိုက်ပြီး ဟိုသူငယ်ချင်းအစုတ်ပလုတ်ဆီ ထပြေးရတော့တာပါပဲ။ ဒီလောက်နောက်ကျနေပြီကို ဘာလို့လာမနှိုးတာလဲဆိုပြီး တော်တော်လဲစိတ်တိုနေမိတယ်။

ဒီနေ့ကျမှလိုင်းကားတွေက အရင်နေ့ကထက်တောင်ပိုပြီးလူကျပ်နေသေးတယ်။ လူချောင်မယ့်ကားကို ဒီတိုင်းသာဆက်စောင့်နေအုံးမယ်ဆိုရင် ငါလေးသင်တန်းကိုသေချာပေါက်ကိုလွတ်တော့မှာ အဲ့တော ဖြစ်ချင်ရာဖြစ်ဆိုပြီး ပြေးသွားဖို့လုပ်ပြန်တော့ တစ်ဖက်ကလနေတဲ့ကားနဲ့တိုက်မိမလိုဖြစ်ပြီး မနည်းတောင်းပန်ခဲ့ရသေးတယ်။

ပြဿနာပေါင်းသောင်းခြေက်ထောင်ကိုဖြတ်ကျော်ပြီးတော့ရောက်လာတဲ့နေရာကတော့ သေချာပေါက်သင်တန်းတော့ဘယ်ဟုတ်ဦးမလဲ။ ဝမ်းမနာသူငယ်ချင်းလေးရဲ့အိမ်ကိုရောက်မှ နာရီကြည့်လိုက်တော့ ငါးမိနစ်ပဲကျွန်မတို့မှာအချိန်ရတော့တယ်။ ကြည့်လိုက်ပြန်တော့ဟိုကာလနဂါးက အိမ်မက်ထဲမှာပျော်မွေ့လို့ကောင်းတုန်း ဘာတွေမက်နေလို့ ဒီလောက်တောင်အမြင်ကပ်ချင်စရာကောင်းအောင် ပြုံးဖြီးနေတာလဲမသိဘူး။ ကျွန်မလဲချစ်လှစွာသောသူငယ်ချင်းမလေးကို အညင်သာဆုံးနည်းနဲ့ပဲနှိုးလိုက်တော့တယ်။

ဘုန်း! "အ့"

"ဗြဲ~~သေပါပြီ မမအဝန်းလေးက တွန်းထုတ်တာနာလိုက်တာ"

"..."

ဒီအရိုင်းအစိုင်းကတော့ သူ့မမနဲ့အိမ်မက်ထဲမှာသာယာနေတာပဲ။ အခုတောင်ကြည့်ပါလား ကျွန်မကခြေထောက်နဲ့ကန်ချတာကို သူ့မမကတွန်းထုတ်လိုက်တယ်ဆိုပဲ။

"Bae Jin Sol!!"

"ရှင်! အမ် မဟုတ်.. ယောင်လို့။ ဘာလဲ"

AlwaysWhere stories live. Discover now