ChoiYunjinပဲဖြစ်ဖြစ် Jinniပဲဖြစ်ဖြစ်(Uni)

8 2 0
                                    

ဒီနေ့အစောဆုံးထွက်တဲ့လေးယာဉ်နဲ့ပြန်လာခဲ့ကြတယ်။ တစ်လမ်းလုံးတစ်ယောက်ကိုတစ်ယောက်စနောက်လိုက်နဲ့ ခရီးလမ်းတစ်လျှောက်လုံးမှာ ကျွန်မတို့ရဲ့ရယ်မောသံတွေအပြည့်နဲ့ပေါ့။

လေယာဉ်ပေါ်ကဆင်းတာနဲ့Taxiငှားပြီးရည်းစားနုနုထွတ်ထွတ်လေးကို အိမ်ပြန်လိုက်ပို့ပေးရသေးတယ်။ အိမ်ထဲဝင်ခါနီးရောက်မှ ကျွန်မရင်ခွင်ထဲဝင်လာပြီး ဒီညတော့လွမ်းတော့မှာပဲတဲ့လေ။ သူမကတော့ဘယ်လိုသဘောနဲ့ပြောတာလဲမသိပေမယ့် ကျွန်မကတော့ရင်တွေခုန်လာပါတယ်။ ဖြစ်နိုင်ရင်ဒီကောင်မလေးကိုကျွန်မဘေးမှာတစ်သက်လုံးခေါ်ထားချင်လိုက်တာ...ဖြစ်နိုင်ရင်ပေါ့လေ။

Taxiခရှင်းပြီးကျွန်မအိမ်ထဲဝင်မယ်အလုပ် သော့မခတ်ထားတဲ့အိမ်တံခါးကြောင့် အလန့်တကြားအိမ်ထဲပြေးဝင်ခဲ့တယ်။ ကျွန်မသေချာသိတာပေါ့ ခြံတံခါးကိုဖွင့်ပြီးပြန်မပိတ်တတ်တာ တစ်မိုးအောက်တစ်ယောက် Bae jin sol ပဲရှိတာလေ။

"Bae!!"

ကျွန်မအော်ခေါ်ပြီးဝင်လာတော့ ဧည့်ခန်းထဲမှာအမေနဲ့စကားထိုင်ပြောနေတဲ့ Baeကလှည့်ပြုံးပြတယ်။ အမေနဲ့ဘာတွေပြောနေလို့ဒီလောက်တောင်ပြုံးပျော်နေရတာလဲအသိဘူး...

"Yoonaငါနင့်ကိုအရေးတကြီးပြောစရာရှိလို့ အသိပေးစရာဆိုပိုမှန်လိမ့်မယ်။ လာငါနဲ့လိုက်ခဲ့"

ပြောပြောဆိုဆိုနဲ့လက်ကိုလာဆွဲတဲ့ Baeကြောင့် အူကြောင်ကြောင်နဲ့သူမနောက်ပါသွားတယ်။ Baeကကျွန်မအခန်းထဲခေါ်လာတာပါ။ အခန်းထဲရောက်တာနဲ့တံခါးပိတ်လိုက်ပြီး...

"ပြောစရာနှစ်ခုရှိတယ် တစ်ခုကနင့်အကြောင်း တစ်ခုကငါ့အကြောင်း ဘာအရင်နားထောင်ချင်လဲ"

ကျွန်မခနစဉ်းစားလိုက်ပြီး

"နင့်အကြောင်း"

"ဟုတ်ပြီ အဲ့တာဆိုနင့်အကြောင်းအရင်ပြောမယ်"

"ဟဲ့ ငါပြောတဲ့ 'နင်'ဆိုတာ နင့်ကိုပြောတာ ငါ့ကိုပြောတာမဟုတ်ဘူး"
သူလုပ်မှပဲရှုပ်ကုန်ပါပြီ

"သိတယ်လေ ပြီးရင်လဲပြောရမှာပဲဟာ ငါပြောချင်တာအရင်ပြောမှာပါ့"

AlwaysWhere stories live. Discover now