လှိုင်းငယ်(Uni)

17 2 0
                                    

ကျွန်မငိုနေတယ်။ ကျွန်မbaeအခန်းထဲမှာတစ်ချိန်လုံးထိုင်ငိုနေမိတယ်။ ကျွန်မတို့အခန်းထဲသွားချင်ပေမယ့် darlingသာပြန်လာခဲ့ရင် ကျွန်မကိုဒီလိုပုံစံနဲ့မမြင်စေချင်တာကြောင့်ပါ။ ဒါပေမယ့်ကျွန်မအထင်ပဲမှားသွားခဲ့တာဖြစ်မယ်။

"အင့် yoona နင်ညစာမစားရသေးဘူး ငါချက်ထားတာမို့စားလိုက်မဟုတ်ရင် အကုန်လွှတ်ပစ်မှာ"

Baeကတစ်ကယ်လုပ်တော့မယ့်ပုံကြီးမလို့ ကျွန်မလဲရှေ့ကဟင်းပွဲကိုကပြာကယာစားလိုက်ရတယ်။ ညနေစောင်းလောက်မှာ darlingပြန်သွားပြီဆိုတဲ့စကားတစ်ခွန်းနဲ့ baeကပြန်ရောက်လာခဲ့တယ်။ ကျွန်မငိုပြီးရင်းထပ်ငိုမိတယ်။ အစ်မကကျွန်မကိုအစ်မတစ်ယောက်လိုမျိုးရင်ခွင်ထဲထည့်ထားပြီးနှစ်သိမ့်ပေးနေတယ်။ Baeကတော့စိတ်တိုတာရောစိတ်ရှုပ်တာရောရောထွေးစွာဖြင့်အိပ်ယာပေါ်မှာထိုင်နေတယ်။ Darlingရဲ့ရုတ်တရက်ဆန်စွာပြောင်းလဲမှုကိုကျွန်မတို့အားလုံးလိုက်မမှီခဲ့ပါဘူး။ အခုဘာဆက်ဖြစ်တော့မှာလဲ

"လာyoonaနင်နဲ့ငါဆိုဖာပေါ်သွားအိပ်မယ်"

ညရောက်တော့ ကျွန်မအခန်းကိုပြန်ဖို့ကြောက်နေမိတယ်။ darlingရဲ့အငွေ့အသက်တွေမရှိတော့ဘူးဆိုတဲ့အသိကသိပ်ကိုဆိုးရွားတာပဲ။ ဒါကိုရိပ်မိနေတဲ့baeကသူတို့အခန်းမှာပဲအိပ်ဖို့ပြောတယ်။ အခုလိုအချိန်မှာ baeကလဲကျွန်မကိုတစ်ယောက်ထဲစိတ်ချလက်ချထားမှာမဟုတ်တာသိပါတယ်။

"ကလေးတို့နှစ်ယောက်ကုတင်ပေါ်မှာပဲအိပ်ပါ မမကအကြီးဆိုတော့ အပြင်မှာပဲ.."

"မမ!"

"ရှင့်!"

"ကုတင်ပေါ်သွားအိပ်လို့ဆိုနေ"

"ဟုတ်ပါပြီ Yoonaညီမေလး အစ်မသွားပြီနော်"

ကျွန်မလဲအစ်မကိုခေါင်းငြိမ့်ရင်းသာတုန့်ပြန်လိုက်တယ်။ ဆိုဖာပေါ်မှာစောင်တွေခင်းကာအိပ်ဖို့ပြင်နေတဲ့baeကိုတစ်လှည့် baeကိုစိတ်မချသလိုလှည့်ကြည့်လှည့်ကြည့်အထဲဝင်သွားတဲ့အစ်မကိုတစ်လှည့်ကြည့်ရင်း စိတ်မသက်မသာဖြစ်လာတာကြောင့် baeကိုအစ်မနဲ့ပဲအတူတူသွားအိပ်ဖို့ပြောတော့ 'ပါးစပ္ပိတ္ထား'ဆိုတဲ့စကားတစ်ခွန်းသာရရှိလိုက်ပါတယ်။

AlwaysWhere stories live. Discover now