Jinniဆီသို့-1(Uni)

13 2 0
                                    

လွန်ခဲ့တဲ့တစ်လက darlingရဲ့စာဟာ ကျွန်မတို့နှစ်ယောက်ရဲ့နောက်ဆုံးအဆက်အသွယ်ရမှုပဲဖြစ်တယ်။ ကျွန်မသိလိုက်ရပြီ ကျွန်မdarlingနဲ့ပြန်မတွေ့နိုင်တော့ဘူးဆိုတာ။ ဒါပေမယ့် မျှော်လင့်ချက်ရေးရေးလေးတော့ကျန်နေသေးတယ်။

'darlingကကျွန်မကိုမချစ်တော့တာမဟုတ်ဘူး'ဆိုတဲ့အတွေးနဲ့တင်လုံလောက်နေပါပြီ။ ကျွန်မရဲ့တစ်နေ့တာကိုပုံမှန်အချိန်စာရင်းအတိုင်းပဲပြန်လည်ပတ်နေတယ်။ အရင်တစ်ပတ်က ကျွန်မdarlingရဲ့တိုက်ခန်းကိုပြန်ဝယ်ပြီး အဲ့မှာပဲပြောင်းနေဖြစ်တယ်။

Darlingရဲ့အငွေ့အသက်တွေရော ကျွန်မတို့နှစ်ယောက်ရဲ့အမှတ်တရတွေရော ဒီတိုက်ခန်းလေးထဲမှာပဲရှိနေတာလေ။ ကျွန်မကိုယ့်ကိုယ်ကိုယ်ပျော်အောင်ထားတယ် darlingကလည်းဒီလိုပဲဖြစ်စေချင်မှာသေချာပါတယ်။

*So say we'll be always, always
Say it will be you and me 'til the old days*

"Hello"

"Hello yoona နင်ဘယ်ရောက်ပြီလဲ"

"ငါအခုမှအိမ်ကထွက်မှာ"

"..."

"hello ညီမေလး ကျောင်းကိုပဲတန်းလာခဲ့တော့ အစ်မတို့ကျောင်းကနေပဲစောင့်နေမယ်နော်"

အစ်မနဲ့baeရဲ့၅လပြည့်အတွက် ကျွန်မတို့တက်ခဲ့တဲ့ကျောင်းလေးကိုသွားပြီး ထောက်ပံ့ကြေးတွေသွားလှူဖို့ပြင်ထားခြင်းဖြစ်တယ်။ အစ္မLilyအပါအဝင် ကျွန်မတို့လေးယောက် မနက်၈နာရီအစ်မရဲ့ကော်ဖီဆိုင်မှာဆုံဖို့ပြောထားပေးမယ့် ကျွန်မကနောက်ကျသွားတယ်လေ။

baeက အစ္မhaewonကိုဖုန်းပေးလိုက်ပုံထောက်ရင် သူစိတ်ဆိုးသွားပြီပဲ။ ရည်းစားရပြီးတာတောင် အခုထိချော့နေရတဲ့ကလေးကြီးအကြောင်းတွေးမိပြီး ကျွန်မရယ်မိလိုက်ပြန်ပါပြီ။

"Bae နင်စိတ်ဆိုးနေလဲ ငါကချော့မှာမဟုတ်ဘူးနော်"

"ဟွန့် သိပါတယ် နင်ကငါ့ကိုမချစ်တော့ဘူးလေ"
"အဟင့် မမ~~yoonaက ကလေးကိုဆူနေတယ် အရမ်းကြောက်တာပဲ"

'shit!'

ပါးစပ်ကနေပါထုတ်ဆဲမိတော့မလိုထိဖြစ်သွားရပါတယ်။ bae တို့များ သူ့မမရင်ခွင်ထဲဝင်ပြီးပန်းနုသွေးနေလိုက်တာများ ဘယ်အချိန်စောင့်ကန်ခံရမလဲပဲ

AlwaysWhere stories live. Discover now