၃လဆိုတဲ့အချိန်တစ်ခုကြာသွားခဲ့သော်လည်း အရာရာဟာမပြောင်းလဲပဲရှိနေတုန်း။ တစ်နေ့တာကိုသံပတ်ပေးခံထားရတဲ့အရုပ်လိုမျိုး နိုးလာလိုက် သင်တန်းသွားလိုက် အိမ်ပြန်လိုက် ဝမ်းနည်းလာတဲ့ခံစားချက်ကြီးကြောင့်အခန်းထဲမှာကြိတ်ငိုရလိုက် နောက်တစ်နေ့ကိုဒီအတိုင်ပြန်ဖြတ်သန်းဖို့အိပ်စက်လိုက်နဲ့ သုံးလဆိုတဲ့အချိန်ကြီးကိုကျော်ဖြတ်ခဲ့တယ်။
အရာအားလုံးကအဆင်ပြေနေတာမျိုးလဲမဟုတ်သေးပြန်ဘူး ဥပမာbae baeကလဲဒီသုံးလအတွင်းမှာခက်ခဲတဲ့အချိန်တွေရှိခဲ့သေးတယ်။ ကျွန်မတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်စောင့်ရှောက်ရင်းနဲ့ပဲ ဒီသုံးလကိုအတူတူကျော်ဖြတ်လာခဲ့ကြတယ်။
*So say we'll be always, always
Say it will be you and me 'til the old days*ဖုန်းringtoneသံကြောင့်တွေးလက်စကိုဖြတ်ကာ ဖုန်းကိုကြည့်လိုက်တော့ baeဆီက
"ဟယ္လို"
"ဟယ္လိုyoona ငါဒီနေ့သင်တန်းခွင့်တိုင်မလို့"
"အော်အဲ့တာဆိုငါလဲမသွားတော့ဘူးလေ"
"ဒါနဲ့ဘာဖြစ်လို့လဲ"baeကခနကြာအောင်တိတ်ဆိတ်နေပြီးမှ
"ဟိုလေ မမနေမကောင်းလို့အဲ့တာ..."
baeကဆက်မပြောတော့ဘူး ကျွန်မလဲနားလည်တာမို့ဘာမှမဖြစ်တဲ့အကြောင်းပြောပြလိုက်တယ်။ baeနဲ့ဖုန်းပြောပြီးတော့ ဘာမှလုပ်စရာမရှိတာနဲ့ အိမ်အောက်ဆင်းလာခဲ့တယ်။ အမေကတော့အဖေနဲ့အတူအပြင်သွားတယ်။
ပျင်းလာတာကြောင့်အိမ်အပေါ်ပြန်တက်ဖို့အလုပ် အိမ်ရှေ့မှာလာရပ်နေတဲ့လူကြောင့်ခြံရှေ့ထွက်လာခဲ့လိုက်တယ်။
"ဘယ်သူနဲ့တွေ့ချင်လို့လဲရှင့်"
"ညီမကSull Yoona လား"
ကျွန်မအနည်းငယ်ကြောင်သွားကာထိုလူကိုခေါင်းအစခြေအဆုံးကြည့်လိုက်တယ်။ ကြည့်ရတာစာပို့သမားပုံစံမျိုးပဲ ဒီခေတ်ကြီးထဲမှာဘယ်လိုလူကများ စာပို့သမားနဲ့စာပို့နေကြသေးလဲမသိပါဘူး။
"ဟုတ်ပါတယ် ညီမပါ"
ထိုလူကသူကိုင်ထားတဲ့စာအိတ်ကိုကျွန်မကိုပေးကာ