ပြတင်းပေါက်ကိုဖွင့်လိုက်တော့ တိုက်ခတ်လာတဲ့လေမှာဆားနံ့သင်းသင်းလေးကိုခံစားလိုက်ရတယ်။ ဟိုတယ်ရှေ့ကသစ်ပင်ပေါ်မှာ ပင်လယ်ပျော်ဇင်ရော်တို့ရဲ့အသံဆာဆာလေးတွေကိုနားထောင်မိတော့ စိတ်လိုလက်ရပြုံးမိသွားတယ်။
အရှိန်မသေသေးတဲ့အပြုံးတွေနဲ့ အိပ်ယာပေါ်ကအကောင်ပေါက်လေးကိုလှမ်းကြည့်တော့ ဘယ်ကတည်းကနိုးနေမှန်းမသိတဲ့သူမလေးက မျက်စောင်းရေးရေးလေးလှမ်းထိုးတယ်။ တစ်ချိန်ထဲမှာ မနေ့ညကမြင်ကွင်းတွေကိုပါပြန်မြင်လာပြီး စချင်စိတ်တစ်ဖွားဖွားပေါ်လာတာကြောင့်မို့..
"အဟွန်း! နိုးနေပြီလားdarlingရဲ့ မနေ့ညကအပေါ်မှာနေထားရတာဆိုတော့ ပင်ပန်းပြီးအိပ်နေမယ်ထင်ထားတာ..."
"အချစ်!"
ကျွန်မစလိုက်တော့မကျေမနပ်တဲ့အသံလေးနဲ့အော်တယ်လေ။ဟုတ်တယ်လေစလည်းစချင်စရာပဲဟာ။ မနေ့ကသူမကပြောပြီးချက်ချင်းကျွန်မပေါ်တက်လာတာကြောင့်အစကလန့်သွားပေမယ့် သူမလေးစိတ်ချမ်းသာအောင်ငြိမ်နေပေးလိုက်ပါတယ်။ ဒါပေမယ့် မလုပ်တတ်မကိုင်တတ်နဲ့ လူအပေါ်ကနေဆူပုတ်ပုတ်လေးထိုင်စဉ်းစားနေတာကြောင့် ကျွန်မကပဲအဟမ်း
ဒါပေမယ့် အောက်ကိုမချတာတော့လုံးဝအာမခံပါတယ်။ တစ်ညလုံးသူမပဲအပေါ်မှာနေခဲ့တာ။ အပေါ်မှာပဲ အင်းးးး..."ဘာလို့လဲdarlingရဲ့အချစ်ပြောတာမှားလို့လား"
ကျွန်မကအင်နိုးစန့်ရုပ်လေးနဲ့စတော့ darlingရဲ့မျက်နှာကတစ်ဖြည်းဖြည်းဆူပုတ်လာပါပြီ
"အချစ်နော်!ကြည့်နေ နောက်တစ်ခေါက် darlingနာမည်ကိုအော်ခေါ်ရအောင်လုပ်ပစ်မယ် ဟွန့်"
"မခေါ်ပါဘူးနော် darlingပဲနာမည်ခေါ်တာမကြိုက်ဘူးဆို။ မခေါ်ဘူး"
"အချစ်လို့!"
********
စိတ်ဆိုးနေတဲ့ကောင်မလေးကိုအနမ်းလေးတစ်ပွင်းးနဲ့ပြေစေပြီး မနက်စာအပြင်မှာစားဖို့သွားကြတယ်။မနက်စာစားပြီးတော့ တစ်ယောက်လက်တစ်ယောက်တွဲပြးီ ပင်လယ်ကမ်းစပ်တစ်လျှောကလမ်းလျှောက်ထွက်ဖြစ်ကြတယ်။
"Baeအဆင်ပြေမယ်ထင်လား"
ကျွန်မတို့မနေ့ကတစ်နေ့လုံးBaeနဲ့အဆက်အသွယ်မရတာကြောင့်စိတ်တော့ပူမိသား။