At The Coffee House(Uni)

6 2 0
                                    

တစ်ပတ်ဆိုတဲ့အချိန်ဟာမျက်စိတစ်မှိတ်အတွင်းကုန်ဆုံးသွားခဲ့တယ်...

ဒီတစ်ပတ်အတွင်း ကျွန်မနဲ့Jinniပိုပြီးရင်းနှီးလာခဲ့တယ်။ သေချာပေါင်းကြည့်လိုက်တော့မှ သူမနဲ့ကျွန်မကတော်တော်အတိုင်အဖောက်ညီတာကိုတွေ့ရတယ် တစ်ခါတစ်လေ အနှောင့်အသွားမလွတ်တဲ့စကားတွေပြောပေမယ့်လဲပေါ့။

အရင်ကနှစ်ယောက်ထဲသွားလာခဲ့တဲ့လမ်းတွေမှာ အခုတော့သုံးယောက်အတူတူသွားလာနေကြပြီ။ တစ်ယောက်ထဲနေရတာပျင်းလို့ဆို့တဲ့အကြာင်းပြချက်နဲ့ Jinni ကလဲအကသင်တန်းလိုက်ဝင်တယ်လေ။ တစ်ပတ်အတွင်းမှာသူမရဲ့အကစွမ်းရည်အရမ်းကောင်းကြောင်းလဲ တွေ့ခဲ့ရလို့ကျေနပ်မိသေးတယ်။ Jinni အက ကနေတာကိုငေးကြည့်နေရတာ ကျွန်မရဲ့အကျင့်လိုဖြစ်နေပြီ။ တစ်ချို့အချိန်တွေဆို Bae ကတောင် သူThird Wheel ဖြစ်နေပါပြီဆိုပြီး မချိုမချဉ်မျက်နှာနဲ့စလောက်တဲ့အထိ ကျွန်မ သူမကို...ငေးကြည့်မိနေတာ။

တစ်ဖြည်းဖြည်းနဲ့ငြိတွယ်လာခဲ့တဲ့ကြိုးတွေပေါ့။ မမြင်နိုင်တဲ့ကြိုးတွေ။ ထိတွေ့လို့မရတဲ့ကြိုးတွေ။ ကိုယ့်ကိုငြိတွယ်နေမှန်းသိရက် ဖြတ်တောက်ပစ်လို့မရတဲ့ကြိုးတွေ။ မဖြတ်တောက်ပစ်ချင်တဲ့ကြိုးတွေ။
*********
ဒီနေ့ဆရာကအရေးကြီးကိစ္စရှိလို့သင်တန်းကိုစောဆင်းပေးတယ်။ သူသူကိုယ်ကိုယ်လျှောက်လည်ဖို့ပြင်နေတဲ့သူတွေနဲ့ဆူညံနေတာပေါ့။ ကျွန်မတို့သုံးယောက်လဲအပါအဝင်ပါပဲ။ ဆယ်မိနစ်လောက်တိုင်ပင်ပြီးတော့ နှစ်မဲတစ်မဲနဲ့ ကော်ဖီဆိုင်ကိုပဲဦးတည်လိုက်ရတော့တယ်။ မမ မမ နဲ့ တစ် 'မ' တည်း 'မ' နေတဲ့တစ်ယောက်ရယ် နောက်ကနေလက်သီးလက်မောင်းတန်းပြီး supporting အပြည့်ပေးနေတဲ့ တစ်ယောက်ရယ် အတိုင်အပေါက်ကိုညီနေတာပဲ။ Jinni က Bae ကိုနားလည်ပြီးလက်ခံပေးတာကို ကျွန်မတစ်ကယ်သဘောကျပါတယ်။

"အဲ့တော့ သူက jin sol ရဲ့အနာဂတ်မမပေါ့"

"ဟုတ်တယ်လေ ဘယ်လိုလဲငါ့မမကလှတယ်မလား"

"အင်းတော်တော်လှတယ်"
"ဒါပေမယ့် ငါ့ရဲ့yoonလေးကပိုလှတယ်"

"နိုးပါ ငါ့မမကပိုလှတာ"

"ဟင့်အင်း yoonလေးကပိုလှတာပါဆို"

"ငါ့မမလို့"

AlwaysWhere stories live. Discover now