You and I(Uni)

15 3 0
                                    

ရင်ဘတ်ပေါ်ကတင်းကျပ်မှုတစ်ခုနဲ့အတူကျွန်မနိုးလာခဲ့တယ်။ မရင်းနှီးတဲ့မျက်နှာကျက်ကိုမော့ကြည့်ရင်း မနေ့ကJinniရဲ့အိမ်မှာ အိပ်နေခဲ့တာကိုသတိရသွားတယ်။
ဘယ်ဘက်ရင်ဘတ်ပေါ်က လှုပ်ရှားမှုတစ်ခုကိုခံစားလိုက်ရတာကြောင့် ခေါင်းကိုအသာစောင်းကြည့်လိုက်တဲ့အခါ လောကကြီးရဲ့အလှတရားကိုမြင်တွေ့လိုက်ရတယ်။
ကျွန်မအတွက်တော့ အလှတရားဆိုတာ ပန်းရောင်ဆံပင်နဲ့အမျိုးသမီးလို့အဓိပ္ပာယ်ဖွင့်ပါတယ်။

ဘုရားရေ မနေ့ကကျွန်မရင်ဘတ်ထဲကိုအလှတရားတစ်ခုပြိုကျခဲ့တာပဲ။ တစ်ရိပ်ရိပ်နဲ့ပြန်ပေါ်လာတဲ့ ပုံရိပ်တွေကြောင့် ရင်ထဲမှာမရိုးမယွတွေဖြစ်လာတယ်။ Sullyoona ဆိုတဲ့နာမည်က သူမခေါ်လိုက်မှပိုပြီးအဓိပ္ပာယ်ရှိလာတာမျိုး။ အမြဲတမ်းပြုံးပြနေတတ်တဲ့ Jinniကလှသလို ကျွန်မနာမည်ကိုအော်ညီးနေတဲ့ Jinniကလဲသိပ်ကိုစွဲဆောင်မှုရှိပါတယ်။ Jinniရဲ့ပထမဆုံးအချိန် ကျွန်မရဲ့ပထမဆုံးအချိန် အရားအားလုံးကထပ်တူညီနေသလို...

တအင့်အင့်နဲ့လှုပ်ရှားလာတဲ့ပန်းရောင်လေး သူမသိပ်နာကျဉ်နေမှာပဲဆိုတဲ့အတွေးနဲ့ကျွန်မစိတ်မကောင်းဖြစ်သွားမိတယ်။ သူမကကျွန်မကိုမော့ကြည့်တယ် ပြီးတော့သူမရဲ့မူပိုင်အပြုံးလေးပြုံးပြတယ် ပြီးပြည့်စုံမှုဆိုတဲ့အနက်ကို ကျွန်မရှာတွေ့လိုက်ပြီ။

အိပ်ချင်သေးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ရင်ခွင်ထဲပိုတိုးလာတဲ့အကောင်ပေါက်လေး စောင်တစ်ထည်ရဲ့အောက်မှာ ထိကပ်သွားတဲ့ဗလာနတ္ထိခန္ဓာကိုယ်နှစ်ခု.. နူးညံ့တဲ့အစိတ်အပိုင်းတွေရဲ့ထိတွေ့မှုမှာ ကျက်သီးတွေဖြန်းခနဲထသွားစေလောက်တယ်။ မဆီမဆိုင်နဲ့ခါင်းထဲဝင်လာတဲ့အတွေးက
'မနေ့ညကမိုးသည်းခဲ့လားမသိဘူး'
*********
"Jinni yah ဒီမှာငါလုပ်လို့မရတော့ဘူး"

အိပ်ယာထပြီး မနက်စားစားဖို့ပြင်ပေးနေခြင်းဖြစ်သည်။ နောက်ကနေဖက်လိုက်နမ်းလိုက်နဲ့ အတင်းလိုက်ရှုပ်နေတဲ့ အသစ်စက်စက်ရည်းစားလေးကိုအပြစ်လဲမမြင်ရက်ပါဘူး။
ဒီအကောင်ပေါက်လေးက နိုးကတည်းကကပ်ချွဲနေတော့တာပဲ

"Yoona လေး~~ငါဗိုက်ဆာတယ်~~လို့ဆို"

အဲ့မယ်အဲ့မယ် အသားကုန်လာချွဲနေလိုက် လူကိုရူးများသွားစေချင်တေတာလား Jinniရယ်

AlwaysWhere stories live. Discover now