မင်းနဲ့သာဆိုရင်(Uni)

13 3 0
                                    

လေယာဉ်ရဲ့ပြတင်းပေါက်ကနေလှမ်းမြင်နေရတဲ့မြင်ကွင်းတွေကို ကျွန်မငေးကြည့်နေမိတာ။

Baeကသူ့မမကိစ္စနဲ့ပတ်သတ်ပြီးစိတ်ညစ်နေမယ်ထင်လို့ ကျွန်မတို့သုံးယောက်အတူခရီးထွက်ကြဖို့ Jinniကအကြံပေးလိုက်ခြင်းဖြစ်တယ်။ ဒါပေမယ့် ဒီနေ့လေယာဉ်ထွက်ခါနီးကြမှ Baeဆီဖုန်းcallတစ်ခုဝင်လာပြီး အလန့်တကြားနဲ့ပြန်ထွက်သွားခဲ့တယ်။ ကျွန်မဖုန်းဆက်တော့လဲဖုန်းမကိုင်တော့ဘူး။ ကျွန်မBaeကိုအခုတစ်ကယ်စိတ်ဆိုးနေပါပြီ ဘယ်လောက်အရေးကြီးပါစေကျွန်မကစိတ်ပူနေမှာသိရက်နဲ့အကျိုးအကြောင်းလေးတစ်ခုတောင်မပြောပြဘူး။

"Jin Solကိုနားလည်ပေးလိုက်ပါအချစ်ရယ် သူလဲကိစ္စရှိလို့နေမှာပေါ့"

ကျွန်မလက်ကိုဖွဖွလေးဆုပ်ကိုင်ပြီးပြောလိုက်တဲ့ ကျွန်မရဲ့Jinni...
သူမကိုလှည့်ကြည့်လိုက်မိတော့ အလှပဆုံးပြုံးပြနေတဲ့ကောင်မလေး လှတယ်။ သိပ်လှတယ်။ လေယာဉ်ပေါ်ကမြင်နေရတဲ့မြင်ကွင်းတွေထက် ကျွန်မဘေးကအလှတရားလေးကပိုလှတယ်။

"ကြည့်ပါအုံးချစ်ဖို့ကောင်းလိုက်တာ။ ဒါဘယ်သူ့ကောင်မလေးပါလိမ့်နော်"
ငြိမ်နေတဲ့ကျွန်မကို Jinniကစနေတယ်

"တစ်ကယ်ပြောင်ချော်ချော်နဲ့"
သူမရဲ့ခေါင်းလေးကိုလက်ချောင်းလေးနဲ့အသာတွန်းပြီးပြောလိုက်တော့ တစ်ခစ်လစ်နဲ့ရယ်လာတယ်။ ပြီးတော့ 'ဟောမှတ်မိပြီ ဒါJinniကောင်မလေးပဲ'ဆိုပြီးပြုံးစိစိနဲ့စနေသေးတာ

တစ်ကယ်ပါJinniကကျွန်မကိုရူးသွားစေချင်တာထင်ပါတယ်လေ။
*********
စိတ်ပြေလက်ပျောက်ဖြစ်အောင်Jinniစီစဉ်ပေးလိုက်တဲ့ခရီးကတော့ ကမ်းခြေကိုပါတဲ့လေ။ ကျွန်မကBaeလောက်ခရီးဝေးတွေတစ်ခါမှမသွားဖူးလို့ အတွေ့အကြုံသိပ်မရှိသေးပေးမယ့် ဘေးကအကောင်ပေါက်လေးကိုကာကွယ်ပေးဖို့ အရင်ကYoonaလေးကိုဖျောက်ပစ်လိုက်ရပါမယ်။

လေယာဉ်ပေါ်ကဆင်းဆင်းခြင်း အသက်ကိုတစ်ဝကြီးရှုလိုက်ပြီး သူမရဲ့လက်ကလေးကိုအရင်ဆွဲလိုက်ပြီး လူအုပ်ထဲကိုလျှောက်သွားပါတော့တယ်။ လေယာဉ်ဆင်းဆင်းခြင်းကျပ်သိပ်နေတဲ့လူတွေကြောင့် လူကွဲမသွားအောင် ဘေးကအကောင်ပေါက်လေးကိုခါးကနေဆွဲယူလိုက်ပြီး ရင်ခွင်ထဲထည့်လိုက်တော့ ပြုံးဖြီးပြီးလှည့်ကြည့်လာတဲ့သူမ

AlwaysWhere stories live. Discover now