အဖြူရောင်တွေနဲ့ပြည့်နှက်နေတဲ့အခန်းကျယ်တစ်ခုထဲကျွန်မရောက်နေတယ်။ ဘေးပတ်ဝန်းကျင်ကိုတစ်ချက်ငဲ့ကြည့်ရုံနဲ့တင် မင်္ဂလာပွဲတစ်ခုကိုရောက်နေတာသိသာပါတယ်။
ကျွန်မရဲ့ကိုယ်ပိုင်အသိစိတ်အရ ကျွန်မရောက်နေတာbaeနဲ့အစ်မhaewonရဲ့မင်္ဂလာပွဲဖြစ်လိမ့်မယ်လို့လေ။ ဒါပေမယ့်တစ်ခုခုမှားနေသလိုပဲ ဘယ်နေရာကမှားနေတာလဲကျွန်မမတွေးတတ်ဘူး။
အချိန်အတော်ကြာစဉ်းစားပြီးနောက်မှာလွဲမှားနေတဲ့အရာကိုကျွန်မတွေ့လိုက်ရပြီ။ အခုဒီနေရာကbaeနဲ့အစ်မhaewonရဲ့မင်္ဂလာပွဲမဟုတ်ဘူးပဲ ဘာလို့ဆို မင်္ဂလာမောင်နှံရပ်ရမယ့်နေရာမှာ အမျိုးသားတစ်ယောက်ကရပ်နေခဲ့တာလေ။
ထူးဆန်းတာက ထိုအမျိုးသားရဲ့မျက်နှာကိုကျွန်မလုံးဝမမြင်ရဘူး။ သူနဲ့ကျွန်မရှိနေတဲ့နေရာနဲ့အကွာအဝေးကဘယ်လောက်မှမမြင်ရပေမယ့် ကျွန်မထိုအမျိုးသားရဲ့မျက်နှာကိုမှန်းဆလို့မရဘူး။
ခနအကြာခန်းမတံခါးကြီးပွင့်လာကာ အဖြူရောင်ဝတ်စုံနဲ့သတိုးသမီးရောက်တယ်။
'နေပါဦး ငါဘာလို့ဒီရောက်နေတာလဲ baeတို့ကဘယ်မှာလဲ ပြီးရှေ့အဲ့သတိုးသမီးကဘာလို့ရင်းနှီးသလိုခံစားနေရတာလဲ'
မေးခွန်းပေါင်းများစွာကျွန်မခေါင်းထဲ၌ဖြတ်သန်းသွားတယ်။ အဖြေမရှိသေးတဲ့မေးခွန်းတွေပေါ့။ ဒါပေမယ့် ခနေလးပါပဲ သိပ်မကြာခင်မှာကျွန်မအဖြေရလိုက်ပါပြီ။ ကျွန်မသိပ်ကြောက်ရတဲ့အဖြေတစ်ခုပေါ့
"ဟင်! Darling?"
*********
ကျွန်မအိပ်ရာကနိုးနိုးချင်းနာရီကိုအလန့်တကြားကြည့်လိုက်မိတော့ ၇နာရီရှိနေပြီ။'ဟူးအိမ်မက်ဖြစ်နေတာပဲ တော်သေးတာပေါ့'
အသက်ကိုခပ်ပြင်းပြင်ရှူသွင်းလိုက်မိတယ် တစ္ကယ္သာဆို..တစ်ကယ်အပြင်မှာဆို ကျွန်မဘယ်လိုလုပ်ရပါ့မလဲနော်.. ကျွန်မကောင်မလေးက တစ်ခြားအမျိုးသားတစ်ယောက်နဲ့အတူဆိုတဲ့အခြေအနေကို ကျွန်မဘယ်လိုများရင်ဆိုင်ရပါ့မလဲ
darlingကေလ ကျွန်မကိုရူးအောင်လုပ်နေတာ သိကြရဲ့လားပါးပြင်ပေါ်တစ်လှိမ့်လှိမ့်စီးကျလာတဲ့ မျက်ရည်တွေကိုမတားဆီးပဲလွှတ်ပေးလိုက်တော့တယ်။ ကျွန်မအခုလိုမငိုတော့တာ၁လတောင်ရှိနေခဲ့ပြီ...