Sullyoon&Bae(Uni)

17 1 0
                                    

ကျွန်မနဲ့Baeကအချစ်ဆုံးသူငယ်ချင်းတွေလေ ငယ်ငယ်ကတည်းကသွားအတူလာအတူ ကိုယ်ဘယ်သွားသွားသူပါသလို သူဘယ်သွားသွားကိုယ်အမြဲရှိတယ်။ တစ်ချို့လူတွေဆို ကျွန်မတို့ကို မိန်းကလေးချင်းတွဲနေကြတာလားလို့မေးကြတယ်။

အပြင်လူတွေမကြည့်နဲ့ ကျွန်မတို့မိဘတွေကတောင် ကျွန်မတို့နှစ်ယောက်တွဲနေတယ်ပဲထင်နေကြတာ။ ဒါပေမယ့် ကျွန်မတို့ကလုံးဝသူငယ်ချင်းတွေပဲ ဒီ့ထက်မပိုပါဘူး။ မိန်းကလေးတစ်ယောက်ကိုချစ်မိဖို့ ကျွန်မဘယ်တော့မှစိတ်မကူးဖူးဘူး။ အကြောင်းပြချက်ကတော့ တစ်မိုးအောက်မှာတစ်ယောက်ပဲရှိတဲ့ သူငယ်ချင်းလေးကြောင့်ပဲပေါ့။

သူ့ရဲ့ first love ကိုအလယ်တန်းကျောင်းသူဘဝတုန်းက စတွေ့တာ။ သူ့ထက်တစ်နှစ်ငယ်တဲ့ညီမလေး။ ကျွန်မအတွက်တော့ စစချင်းလုံးဝအဆင်မပြေခဲ့ပေမယ့် နောက်တော့နေသားကျသွားတာပါပဲ။ သူတို့ကတစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတယ်။ အထူးသဖြင့် bae ကသူ့ညီမလေးကို သာမန်ထက်ပိုပြီး လွန်လွန်းကျူးကျူးကိုဂရုစိုက်ပြီးချစ်ပေးတာ။

ဒါပေမယ့် လူတွေရဲ့ကြောက်စရာအကောင်းဆုံးအချက်က ပြောင်းလဲတတ်တဲ့စိတ်ပဲမလား။

Bae အထက်တန်းနောက်ဆုံးနှစ်မှာ သူ့ညီမလေးနဲ့ပြတ်သွားတယ်။ ညဘက်တွေသူ့ဘာသာတစ်ယောက်ထဲကြိတ်ပြီး ငိုနေခဲ့တာ။ ကျွန်မကို နည်းနည်းလေးတောင်မတိုင်ပင်ဘဲနဲ့ နိုင်ငံခြားထွက်ပြေးဖို့တောင် ကြိတ်စီစဉ်နေခဲ့တာ။ ဒါပေမယ့် မိသွားတယ်လေ။ ကျွန်မလဲသိသိချင်း စိတ်ဆိုးမိတယ် တစ်ယောက်ကိုတစ်ယောက် ဘာလျှို့ဝှက်ချက်မှမထားကျေးလို့ သူကိုယ်တိုင်ပြောခဲ့တာပဲဟာ။ ဒါပေမယ့်လဲ အသည်းကွဲနေတဲ့သူငယ်ချင်းမလေးကို မကြည့်ရက်တာနဲ့ ကျွန်မဘက်ကပဲအချော့ပေးပြီးပြန်ခေါ်ခဲ့တယ်။

ကျောင်းပြီးအောင်တက်ပြီး နှစ်ယောက်လုံးဝါသနာပါတဲ့အကသင်တန်းကိုပါအတူတူသွားတက်ကြတယ်။ ပြီးရင် အကသင်တန်းအတူတူထောင်မယ်ပေါ့နော်။ ဒါ့ထက် အကကနေရတာကိုနှစ်ခြိုက်တာဆိုပိုမှန်တာပေါ့။ ပြောင်းလဲသွားတဲ့အချက်ကတော့ bae ကသူ့ညီမလေးကို မေ့နိုင်သွားတဲ့အချိန်ကစပြီး တစ်နေ့တစ်ခြားကလေးပိုဆန်လာတာပဲ။ ထိန်းရသိမ်းရခက်ပေမယ့် အရင်လိုအခန်းထဲမှာ Dအတောင့်လိုက်ဝင်ပြီး ငိုနေတဲ့ bae ထက် အခု bae ကပိုအဆင်ပြေပါတယ်ဆိုတဲ့စိတ်နဲ့ ဖြေသိမ့်နေရတာပါပဲ။

AlwaysWhere stories live. Discover now