ကျွန်မတို့သုံးယောက်ဆိုင်ထဲကပြန်ထွက်လာကြတယ်။ တစ်ယောက်ချင်းဆီရဲ့မျက်နှာမှာ ပုံရိပ်ကိုယ်စီနဲ့ပေါ့။
Baeကသူ့မမကိုအချိန်အကြာကြီးထိုင်ကြည့်လိုက်ရတဲ့အပြင် သူ့မမကိုယ်တိုင်လုပ်ပေးတဲ့ကိတ်ကိုစားလိုက်ရလို့ မျောက်ငှက်ပျောသီးရတဲ့မျက်နှာနဲ့
ကျွန်မကတော့ နေလို့မကောင်းတဲ့ခံစားချက်ကြီးကြောင့် သိပ်မျက်နှာမသာမယာပေါ့နော်။ Baeကတော့ ကော်ဖီသောက်လိုက်ရလို့လို့ထင်ပေမယ့် ကော်ဖီကအဓိကပြဿနာမဟုတ်တာ ကျွန်မအသိဆုံးပါ။
ဒါဆိုJinniကရော
"ငါတို့ပြန်ကြတော့မလား"
Jinni ကကျွန်မတို့ကိုမေးတယ်"အင်း ပြန်တော့မယ်။ မမနဲ့တွေ့ပြီးပြီဆိုတော့ ငါ့တစ်နေ့တာပြည့်စုံသွားပြီ နင်တို့လဲသိပ်နောက်မကျစေနဲ့နော်။ ငါသွားပြီ ဘိုင့်"
"..."
"...""အော် Jinni yah!! Yoonaကိုထားခဲ့မယ်နော်! သေချာစောင့်ရှောက်ပေးပါအုံး!!"
baeကထွက်ပြေးသွားရာမှ ပြန်လှည့်ပြီးအော်ပြောလိုက်တယ်'ဒီပေါင်းရကျိုးနပ်တဲ့ စောက်ကျိုးနဲလေးနှယ်!'
ကျွန်မစိတ်ထဲကနေဆဲရေးမိသွားတယ်။ ပြောချင်တာပြောပြီးရှောင်ထွက်သွားတဲ့သူငယ်ချင်းရယ်ပါ။ သူရှောင်ပေးတာကိုရိပ်မိပေမယ့် အခုချိန်မှာJinniနဲ့စကားပြောဖို့အားတောင်မရှိတော့တဲ့အထိ ကျွန်မကိုယ်ကျွန်မလဲဘာဖြစ်နေလဲနားမလည်တော့ပါဘူး။"Yoonလေး"
"..."
"Yoona ရေ"
"..."
"ဟဲ့ SullYoona!!"
"ဟမ်!..ဟင် ဘာလဲ လန့်လိုက်တာ ဖြေးဖြေးခေါ်လဲကြားပါတယ်"
"...ငါခေါ်နေတာကြာနေပြီလေ"
"အာ ဟုတ်လား ငါအတွေးလွန်သွားလို့"
"အတွေးလွန်တယ်?"
"ဘာလဲ ငါ့အကြောင်းတွေးနေတာလား""မ-မဟုတ်-ပါ-ဘူ"
"ဟွန့် မတွေးလဲနေပေါ့"
"နင်ပြန်တော့မှာလား""ငါလား?ပြန်ရတော့မလား"
"မပြန်နဲ့ ငါနဲ့လျှောက်သွားရအောင် ငါ~ပျင်းနေလို့~နော်~~"
ရုံးပတေသီးအတောင့်တစ်ရာလောက်မျိုချထားတဲ့အသံနဲ့ Jinniကကျွန်မကိုပြောတယ်
'တစ်ကယ်ပါ နင်ဘာဖြစ်ချင်နေတာလဲဟာ'