အဆုံးသတ်(သို့)တစ်ဖန်အစပြုခြင်း(Uni)

28 3 0
                                    

The End

လေယာဉ်ပေါ်ကဆင်းဆင်းခြင်း အစ္မsanaပြောထားတဲ့အမျိုးသမီးကိုလိုက်ရှာကြည့်တယ်။ ဘယ်လောက်မှကြာကြာမရှာလိုက်ရပါဘူး ကျွန်မမြင်ကွင်းထဲကို အမျိုးသမီးတစ်ယောက်ကပြုံးလျက် တစ်ဖြည်းဖြည်းဝင်လာတယ်။
ကျွန်မစိတ်ထဲမှာတော့ 'တော်တော်လှတဲ့အမျိုးသမီးပဲလို့' မှတ်ချက်ပေးလိုက်မိတယ်။

"ဟေး မင်းက sull yoona?"

အနီးကပ်ကြည့်မှဒီအမျိုးသမီကတစ်ကယ်လှတာပဲဆိုတာပိုသေချာသွားတယ်။

"ဟုတ်ကဲ့"

"ဟုတ်ပြီ တို့ကmina မင်းသွားချင်တဲ့နေရာကိုလိုက်ပို့ဖို့ အစ္မsana လွှတ်လိုက်တာ"

Minaဆိုတဲ့အစ္မက ကျွန်မကိုစကားပြောရင်း သူ့ကားဆီသွားနေတယ်။ ပြီးတော့ ချက်ချင်းကားမောင်းကာ ကျွန်မသွားရမယ့်နေရာကိုခေါ်သွားတယ်။ ကျွန်မစိတ်ထဲအခု ဇာတ်လမ်းထဲကလိုမျိုးခံစားနေရတယ်။ ဂိုဏ်းစတားတွေနဲ့ပတ်သတ်နေမိသလိုမျိုးပေါ့
ခန သူတို့ကတစ်ကယ်ဂိုဏ်းစတားတွေတော့မဟုတ်ဘူးမလား

"ဟေးဘာလို့အဲ့လိုအကြည့်နဲ့ကြည့်နေတာလဲ တို့ပုံစံကမကောင်တဲ့သူနဲ့တူနေလို့လား"

"မ မဟုတ် အဲ့လိုမဟုတ်ပါဘူး"

ကျွန်မစိုက်ကြည့်နေတာကိုရိပ်မိသွားတာကြောင့် အမြန်တောင်းပန်လိုက်ရတယ်။ ရှေ့ကအစ်မကတော့ 'စတာပါကြာ' ဆိုပြီးရယ်သံခပ်ဖွဖွဖြင့်ပြန်ဖြေလာတယ်။

မိနစ်အနည်းငယ်မောင်းပြီးနောက်မှာ ကျွန်မdarlingရှိတယ်ဆိုတဲ့ အိမ်ကြီးဆီရောက်လာခဲ့တယ်။ ပထမဆုံးတွေးမိလိုက်တာက အစ္မsanaတို့ကတော်တော်ချမ်းသာမှာပဲလို့လေ။

ကားကခြံထဲကိုတအိအိနဲ့ဝင်လာတာကြောင့် ကျွန်မတစ်ဖြည်းဖြည်းစိတ်လှုပ်ရှားလာတယ် darlingကကျွန်မကိုမြင်ရင် ဘယ်လိုတုန့်ပြန်မှာလဲ။

"ရောက်ပြီ အိမ်တော်ထိန်းတွေကမင်းအတွက်အခန်းပြင်ပေးထားလိမ့်မယ် အနားယူလိုက်အုံး မနက်ဖြန်တို့ပြန်လာခဲ့မယ်"

"ခန ခနေလး"

သူပြောချင်တာတွေပဲတောက်လျှောက်ပြောနေတာကြောင့် အမြန်တားလိုက်တော့ 'ပြော' ဆိုတဲ့ပုံစံနဲ့ မျက်ခုံးပင့်ပြလာတယ်။

AlwaysWhere stories live. Discover now