ငါတို့ကတွဲနေကြပြီလား?(Uni)

9 2 0
                                    

အိပ်ခန်းထဲဝင်ရောက်လာတဲ့အလင်းရောင်စူးစူးကြောင့် မနက်ရောက်နေပြီဆိုတာသိလိုက်ရတယ်။ အိပ်ယာပေါ်ကမထဘဲ အပြင်ဘက်က ဟိုဟိုဒီဒီသွားလာလှုပ်ရှားသံတွေနားထောင်ရင်းအချိန်ဖြုန်းနေလိုက်တယ်။ ဒီနေ့နဲ့ဆို ကျွန်မအပြင်မထွက်တာသုံးရက်လောက်ရှိပြီ အတိအကျပြောရရင် သူမနဲ့နောက်ဆုံးတွေ့ခဲ့တာ လွန်ခဲ့တဲ့သုံးရက်က

"အန်တီရေ!!!!"

'ချီးထဲမှပဲ' ဒီအသံ Bae jin sol ရဲ့အသံ
ဟိုကိစ္စဖြစ်ပြီးကတည်းက ကျွန်မBaeကိုပါအဆက်အသွယ်ဖြတ်ထားမိတာ။ Baeကသေချာပေါက်ကျွန်မကိုလာရှာမှာသိပေမယ့် သူမကရော...

"ဟယ် သမီးလေး Yoona ဆီလာတာလားလာလေ"
"Yoona! သမီးသူငယ်ချင်းတွေလာတယ်!!"

သေပီ သေပီ Jinni ရောပါလားမသိဘူး

"ရတယ်အန်တီ သမီးပဲအပေါ်တက်သွားလိုက်မယ်။"

အမေ့ရဲ့ပြန်ဖြေသံကိုမကြားရတော့ဘူး။ နားထဲဝင်လာတာ အပေါ်ထပ်ကိုတစ်လှမ်းချင်းတက်လာတဲ့ခြေသံတွေ
Jinni ပါလာတာပဲ

"Yah Sullyoona!!!!"
"အခုထစမ်း!!"

အသံကုန်အော်ပြီး အခန်းထဲဝင်ပြေးလာတဲ့ Baeပါ
နောက်တော့ ကုတင်ပေါ်ခုန်တက်လာတယ် ပြီးတာနဲ့လူပေါ်ကိုခွထိုင်ပြီးအသားကုန်ရိုက်တော့တာပဲ

"အားးး!! Bae Jin Sol!"
"နာတယ်ဟ အခုဆင်းစမ်းငါ့ပေါ်က"

"မဆင်းဘူးဟေ့! မဆင်းဘူး"
"ငါ့ကိုသုံးရက်လုံးလုံးပစ်ထားတဲ့အရူးမ အင့် အင့် သေစမ်း သေစမ်း"

Baeကတော့အဲ့လိုပါပဲ
အခုလဲခေါင်းအုံးနဲ့ လူကိုအတင်းခွပြီးရိုက်နေတာ ကြာတာမခံနိုင်တော့တာနဲ့

ဝုန်း!!

"အားးး"
"ဗြဲ~~အန်တီရေ~~~Yoonaကသမီးကိုအနိုင်ကျင့်နေတယ်~~~"

ခေါင်းအုံးနဲ့ရိုက်တဲ့ဒဏ်ကိုမခံနိုင်တော့တာကြောင့် အားကုန်သုံးပြီးကန်ချလိုက်တာ အောက်ကကြမ်းပြင်ပေါ်ဖင်ထိုင်ရပ်လေးပြုတ်ကျသွားတယ်။ အခုလည်းငိုချင်ယောင်ဆောင်ပြီးအမေ့ဆီပြေးတိုင်နေပါပြီ။ ဒါလဲမရိုးတော့တဲ့ဖြစ်စဉ်ပါပဲ။ ခနနေလို့ကျွန်မအောက်ဆင်းသွားရင် အမေကကျွန်မကိုဗိုက်ခေါက်လိမ်ဆွဲပြီး Baeကိုအနိုင်မကျင့်ဖို့ပြောမယ်။ ကျွန်မအဆူခံရတာနဲ့ဟိုအရိုင်းအစိုင်းလေးက အမေ့နောက်ကနေပုံစံမျိုးစုံနဲ့ပြောင်ပြမယ်။ သူလုပ်ချင်ရာလုပ်ပြီးလို့ ကျွန်မကစိတ်ဆိုးသွားရင် မျက်နှာငယ်နဲ့လာချော့မယ်။ ဒါကBaeပုံစံပါပဲ။
'ဟူးးဒီတစ်ယောက်ကတော့ရည်းစားရရင် ဘယ်လိုနေမလဲမသိပါဘူး'

AlwaysWhere stories live. Discover now