Episode - 1 (Unicode)

16.6K 451 4
                                    

     ‌မှန်တစ်ချက်ရှေ့ ‌တွင် ကျောက်ပြင်ပေါ်မှသနပ်ခါးအချို့ ကိုလက်ညှိုးကလေးဖြင့် ကော်လိုက်ကာ ပါးပြင်ပေါ်သို့ခြယ်သလိုက်သည်။သနပ်ခါးပါးပေါ်တင်လိုက်သည်နှင့် အေးကနဲအထိအတွေ့က စိတ်ရောလူပါလန်းဆန်း‌နေစေသည်။သနပ်ခါးပါးကွက်ကျားလေးများကို ပါးနှစ်ဖက်တွင် အရွယ်အစားညီညာအောင်ကွက်ပြီးသည်နှင့်တစ်ပြိုင်နက် ပါးခြစ်တံလေးနှင့်ခပ်ဖွဖွလေး ပါးကွက်ပေါ်ခြစ်လိုက်သည်။ဤတွင်မြန်မာ့ရိုးရာအလှပြင်ဆင်ခြင်းတစ်ခန်းရပ်သွား၏။

       မှန်ရှေ့တွင် ကွက်ထားသောပါးကွက်လေးနှစ်ဖက်အားကြည့်ရင်း ပြုံးနေမိသည်။အနောက်တိုင်းအလှကုန်များမည်မျှပင်တိုးတက်ကောင်းမွန်နေသည်ဟုဆိုသော်လည်း ထိုအမျိုးသမီးငယ်အတွက် သနပ်ခါးလောက်မခုံမင်။ငယ်စဉ်ကတည်းကရိုးရိုးယဉ်ယဉ်နေခဲ့သဖြင့် ဆန်းဆန်းပြားပြားဟူ၍ မကြိုက်တတ်သောအကျင့်လေးမှာအရိုးစွဲနေ၏။

     ယနေ့လည်း‌မိခင်နှင့်ညဘက်‌မွေးနေ့ပွဲတစ်ခုသွားစရာရှိနေ၍ လိမ်းနေကျသနပ်ခါးကိုအကျအနလိမ်းနေခဲ့သည်။သနပ်ခါးမလိမ်းခင်အ၀တ်မှာကြိုလဲထား၍ အဆင်သင့်ဖြစ်ပြီဟု ဆိုနိုင်သည်။ပိ‌တောက်ခြောက်ရောင်ပါတိတ်၀မ်းဆက်မှာအပွင့်သေးလေးများဖြင့် ခန္ဓာကိုယ်သေးသေးလေးကို တန်ဆာဆင်ပေးထားသည်။တလက်လက်ထနေသည့်ဖန်စီရင်ထိုးလေးကလည်း လက်ဝဲဘက်ရင်အုံတွင်နေရာယူထားလျက်......။

"နုထက်ကုဋေရေ မပြီးသေးဘူးလား"

"ပြီးပါပြီအမေရဲ့ "

"ပြီးရင်လည်းလာတော့လေ ငါတို့နောက်ကျလိမ့်မယ်"

"အမေရယ် ခုမှခြောက်နာရီခွဲရှိသေးတယ်လောလိုက်တာ"

"လောရမယ်ဟဲ့ မမစိုးတို့ဖိတ်တာမို့"

"ကြီးကြီးစိုးကသမီးလည်းတစ်ခါတစ်ရံဆိုင်မှာတွေ့နေတာပဲ"

"ဒီနေ့မှအမေကဘာတွေအရေးတယူဖြစ်နေတာလဲ"

"ညည်းမသိပါဘူးအေ ငါအမေပါ"

"ဟုတ်ပါတယ်ဒေါ်နှင်းနှင်းစိန်ရယ်"

"ဒေါ်နှင်းနှင်းစိန်ပဲသိ ဒေါ်နှင်းနှင်းစိန်ပဲလော"

Surgeon (Completed)(Unicode + Zawgyi)Where stories live. Discover now