"အေးကွယ် ခုလိုသတိတရနဲ့လာကြတော့ မေမေတို့က၀မ်းသာပါတယ်"
"ချွေးမလေးရဲ့အပြုအစုများကောင်းလို့လား သမီး၀လာတယ်နော်"
"ဟာ....မာမီကလည်း"
"အမယ်လေးတော် ကြည့်ပါဦးနှင်းနှင်းရယ် ကိုယ့်ချွေးမကို"
"အိမ်ထောင်ကကျနေပြီ ခုထိရှက်နေတုန်း"
"ရှက်တာနဲ့မဆိုင်ပါဘူးမာမီရယ်"
"မေမေ ဆာဂျင်ကနုအပေါ်သိပ်ကောင်းပါတယ်"
"နုကိုစိတ်ချမ်းသာအောင်ထားတယ်"
"သမီးပြောရင်ယုံလိုက်တော့မမစိုးရေ"
"အေး ဟုတ်ပနှင်းနှင်းရယ် သမီးလေးတွေအဆင်ပြေပြေရှိနေကြတာ၀မ်းသာတယ်"
"မာမီတို့နောက်လအတွက် medical check up လုပ်ဖို့မမေ့နဲ့ဦး"
"စိတ်ချပါ သမီးတို့နဲ့အတူတူအကြာကြီးနေဦးမှာ သေလို့မရသေးဘူး"
"နော့ နှင်းနှင်း"
"ဟုတ်ပ ဟုတ်ပ"
အမေနှစ်ယောက်ထံမရောက်တာကြာပြီဖြစ်၍ မျက်နှာသွားပြခြင်းဖြစ်သည်။အိမ်ထောင်ရေးအခြေအနေမှာကာယကံရှင်နှစ်ဦးသာအသိဆုံးဖြစ်၍ အထူးအကျယ်တ၀င့်မပြောလိုတော့ပေ။သို့သော် မိဘများကလုံမထဲမှတစ်စွန်းတစ်စသတင်းပို့မှုများကိုရထားခဲ့၍ အသာစောင့်ကြည့်နေသည့်အနေအထားဖြစ်သည်။မျှော်လင့်ချက်ထား၍စောင့်စားနေသည့်မိဘများအတွက် ကောင်းမွန်သောအပြောင်းအလဲဖြစ်ကောင်းဖြစ်လာနိုင်သည့်အနေအထားတစ်ခုရောက်လာနိုင်ပါ့မလား ......။
နုထက်တစ်ယောက် မိဘများအိမ်မှအပြန်တွင်တည်ငြိမ်စွာစကားမပြောဘဲလိုက်ပါလာခဲ့သည်။သူမကမူ ကားမောင်းနေရင်း နုထက်ကိုတစ်ချက်တစ်ချက်ကြည့်၍ အကဲခတ်နေပုံပင်။ခဏအကြာတွင် -
"နုလေး"
"ရှင်"
"အပြင်ထွက်တုန်း နုလေးဝယ်ချင်တာရှိလား"
"လမ်းသင့်နေလို့ Mini Mart နဲ့"
"နုစဉ်းစားဦးမယ်ဆာဂျင်"
"ခဏ"
"စဉ်းစားစဉ်းစား"
နုထက်ခဏစဉ်းစားနေသည်။ဟင်းချက်စရာနှင့်ပတ်သတ်လျှင်မနက်တိုင်းအိမ်နားကဈေးသေးလေးတွင်ထွက်၀ယ်နေ၍ အိမ်နှင့်ပတ်သတ်လျှင်မလို။မိမိအတွက်လိုအပ်သည်ကိုစဉ်းစားကြည့်သည့်အခါ ဖျတ်ကနဲသတိရလိုက်သည်က အမျိုးသမီးလစဉ်သုံးပစ္စည်းကုန်နေသည်ကိုသတိရ၍ -
YOU ARE READING
Surgeon (Completed)(Unicode + Zawgyi)
Romanceဖန်တီးမှုအသစ်လေးတစ်ခုပါပဲ✨ဖတ်ရင်းစီးမျောရင်းခံစားရင်း