Episode - 18(Unicode)

3.6K 275 7
                                    

      ရုံးခန်းအတွင်း သူငယ်ချင်းဒေါက်တာသက်သက်ငြိမ်းနှင့်စကားကောင်းနေခိုက် ‌ဝေနှင့်နွယ်မှာရောက်လာပြီး ဝေကဒေါသအတော်ထွက်နေပုံရသည်။နွယ့်ပုံစံကြည့်ရသည်ကလည်း ‌ဝေကိုကြည့်၍စိတ်ပူနေပုံပင်။ထိုနှစ်ယောက်ကိုတစ်အောင့်အကြာက အောက်ထပ်ကလက်ဖက်ရည်ဆိုင်သို့အ၀ယ်လွှတ်လိုက်သည်။

   ပြန်တက်လာသည့်အခါ ဝေကဒေါသထွက်ကာ နံပြားထုပ်ကိုစားပွဲပေါ်တင်လိုက်ပြီး ‌ခုံပေါ်တွင် ဆောင့်ထိုင်ချလိုက်သည်။နွယ်ကလည်းဝေကိုမျက်မှောင်ကြုံ့ကြည့်နေသည်။‌နွယ့်မျက်လုံးများကဝေအားတစ်စုံတစ်ရာကိုဟန့်တားနေဟန်ရှိသည်။တက်လာသည့်နှစ်ယောက်၏ပုံပန်းသဏ္ဍာန်များကထူးလွန်း၍ -

"ဝေမွန် နင်ဘာဖြစ်လာတာလဲ"

"ပြောမပြောချင်ပါဘူးဒေါ်လေးရာ"

"ဝေငါပြောထားတယ် ဆာဂျင်တို့ရှေ့ကိုနင်ဘာဖြစ်နေတာလဲ"

"နွယ် ဘာဖြစ်တာလဲ မမတို့ကိုပြောလေ"

"မဟုတ်ပါဘူးမမရဲ့ ဘာမှမဖြစ်ပါဘူး"

"ဟယ်တော် ဒါဆိုကျုပ်တူမဘာဖြစ်တာပါလိမ့်"

"ဒင်းမျက်နှာကတစ်ခုခုပဲ"

"အေး ဟုတ်တယ် သက်ရဲ့"

"မမတို့ကိုပြောစမ်းနွယ်"

"ဒီဌာနမှာမမတို့အကြီးဆုံးဆိုတာနွယ်တို့သိတယ်နော်"
 
"နွယ် နင်မပြောရင်ငါပြောမယ်"

"သဘောဟယ် နင်ကလည်းစိတ်ကလက်တစ်ဆစ်လောက်နဲ့"

"ခုနကအောက်ထပ်ကိုဝေတို့ဆင်းသွားတော့"

"ဌာန ၁ ကလူတွေနဲ့တွေ့လာတယ်မမရဲ့"

"ဘယ်သူလဲဝေရဲ့"

"ဘယ်သူရှိရမလဲ ဟိုအာဠာ၀ကကြီးတွေပေါ့"

"ဘယ်လိုလဲမမရယ် ဝေတို့ဌာနကမသန့်ဘူးတဲ့ မိန်းမစစ်စစ်တွေအပြင် မစစ်တာတွေလည်းရှိတယ်တဲ့"

"မမနာမည်ကပါလာတယ်"

"ဝေစိတ်တိုလို့သွားပြောမယ်လုပ်တော့ နွယ်ပေါ့လူကိုဆွဲထားတယ်လေ"

"အဲ့တာသူတို့ကိစ္စလား ယောင်္ကျားကြီးတွေကနှုတ်သီးကောင်းနေတာ"

Surgeon (Completed)(Unicode + Zawgyi)Donde viven las historias. Descúbrelo ahora