အရှေ့အရပ်ကနေမင်းနီနီရဲရဲကြီးထွက်လာခဲ့ပြီ။စာကလေးဌက်များ၏ပိကျိပိကျိဟူသည့် အသံလေးများကနားထဲသို့၀င်လာသည့်အတွက် အိပ်ရာမှထလိုက်သည်။မျက်လုံးဖွင့်ကာခေါင်းအုံး၏ဘယ်ဘက်ခြမ်းကိုစောင်းငဲ့ကြည့်လိုက်မိသည်။လူမရှိဘဲ ခေါင်းအုံးသာတွေ့၏။ထိတ်သွားသည့်စိတ်ကြောင့် ကမန်းကတန်းထကာ ရေချိုးခန်းထဲသို့သွားကြည့်သည်။ထို့နောက်မတွေ့၍ အောက်ထပ်ကိုပြေးဆင်းလာသည်။
အောက်ထပ်မီးဖိုချောင်ကြည့်ပြန်ရာ မနက်စာပြင်နေသည့်လုံမကိုသာတွေ့သည်။လုံမကသူမအားအထူးအဆန်းကဲ့သို့ကြည့်နေသည်။လုံမကိုလည်းမမေးမမြန်း အိမ်ပြင်ဆင်၀င်ဘက်ထပ်ပြေးသွားပြန်သည်။ထိုအခါမှခြံရှေ့ကကားအ၀င်လမ်းတွင် ကပ်ကြေးတစ်လက်ဖြင့်နှင်းဆီပန်းအိုးများမှအပွင့်လေးများဖြတ်ယူနေသည့် ချစ်ဇနီးလေးအားတွေ့ရတော့သည်။
ထိတ်နေသည့်စိုးရိမ်လုံးကြီးလျောကနဲကျသွားသည်။သူမကိုမြင်၍နုထက်ပြုံးပြလိုက်ကာ ပန်းထိုင်ညှပ်နေရာမှထလိုက်သည်။ည၀တ်၀တ်စုံမလဲနိုင်ဘဲ အပြင်ထွက်လာသည့်အမျိုးသမီးကြီးက ထိုအမျိုးသမီးငယ်ထံပါး ပြေးလာကာ ဖက်လိုက်သည်။တင်းကြပ်သောထွေးပွေ့မှုကြောင့် နုထက်မျက်လုံးပြူးသွားရသည်။
"ဆာဂျင် ဘာဖြစ်လို့လဲ"
"ဘာဖြစ်လို့လဲ နုကိုပြောစမ်းပါဦး"
"ဟိုဟာ....မနက်ထလိုက်တော့ နုလေးကိုမတွေ့တော့လို့ နုလေးပစ်သွားပြီထင်တာ"
"ဟော...."
"ဆာဂျင် အဖက်ကြမ်းတယ်"
"နု....တစ်မျိုးကြီးပဲ"
"လွှတ်ပါတော့"
"မလွှတ်ချင်သေးဘူး နုလေးကိုတို့စိတ်မချဘူး"
"နုလေးကတို့ကိုပစ်ချင်နေတာမဟုတ်လား"
"မပစ်ပါဘူးဆာဂျင်ရဲ့"
"နုကတိပေးတယ် လွှတ်နော်"
"နုလေး သေချာတယ်နော်"
"ဆာဂျင်ရယ် နုစကားနှစ်မျိုးမပြောပါဘူး"
"ဒီအိမ်ကနေဆာဂျင်နှင်မှပြန်မယ်"
YOU ARE READING
Surgeon (Completed)(Unicode + Zawgyi)
Romanceဖန်တီးမှုအသစ်လေးတစ်ခုပါပဲ✨ဖတ်ရင်းစီးမျောရင်းခံစားရင်း