Episode - 24(Unicode)

4.1K 280 27
                                    

      အတွင်းရေးမှုးမလေးကေသီသည် ငွေရည်ဆင့်ချိန်းထားသည့်အတိုင်း သောကြာနေ့ရုံးဆင်းခါနီးအချိန်လောက်တွင် ဒါရိုက်တာရုံးခန်းဘေးကအခန်းမှာ ငွေရည်ဆင့်အခန်းဖြစ်၍ ၀င်သွားလေသည်။ငွေရည်ဆင့်မှာ ဆေးရုံအောက်ထပ်ကိုမှန်ပြူတင်းမှတစ်ဆင့် ကြည်‌့နေရင်း -

"ထိုင် မကေသီ"

"ဟုတ်ကဲ့"

"ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီအစီအစဉ်လေးစလိုက်ကြရအောင်"

      ငွေရည်ဆင့်ကမှန်ပြူတင်းတွင်ရပ်နေရာမှ လက်ထဲတွင်ပလတ်စတစ်နှင့်ထုပ်ထားသည့် ဆေးမှုန့်ထုပ်သေးသေးလေးကိုကိုင်လာပြီး ကေသီထိုင်နေသည့်ဆိုဖာနှင့်မျက်နှာချင်းဆိုင်ဆိုဖာတွင် ထိုင်လိုက်သည်။ထို့နောက် ၎င်းအထုပ်လေးအား စားပွဲပေါ်တွင်တင်ပြီးနောက် အသေးစိတ်ကိုပြောပြလေတော့သည်။

"မကေသီမှာ အလုပ်နှစ်ခုရှိတယ်"

"ပထမတစ်လုပ်က အခုမကေသီရှေ့မှာမြင်နေရတဲ့ဆေးမှုန့်ထုပ်ကို ‌ကော်ဖီ သို့မဟုတ် အအေးခွက်ထဲရောမွှေပြီး တစ်‌ယောက်ယောက်ကိုတိုက်ပေးဖို့"

"ဘယ်သူလဲမငွေရည်ဆင့်"

"ဆာဂျင်‌ဒေါ်မေဘုန်းကြွယ်"

"ဟာ....ကျွန်မ ကျွန်မကြောက်တယ်"

"သူကဆေးရုံမှာလူအများရိုသေလေးစားရတဲ့ပုဂ္ဂိုလ်"

"တစ်ခုခုမှားရင် ကျွန်မအလုပ်ပြုတ်လိမ့်မယ်"

"ရှင့်အကြောင်းကျွန်မပါးစပ်ကနေ ဆရာ့မိန်းမဆီရောက်ရင် ရှင်ဒီထက်ပိုနာမယ်နော်"

"ဒါကိုရော ခန့်မှန်းမိလား"

"နောက်ပြီး အကျင့်စာရိတ္တဖောက်ပြားတဲ့မိန်းမ သူများအငယ်အနှောင်းဆိုတဲ့ဘွဲ့ရော ရှင်မကြိုးစားဘဲရသွားမှာရော စိတ်မပူဘူးလား"

"မလုပ်ပါနဲ့အဲ့ဒီလို"

"ခိုင်းတာအကုန်လုပ်ပါ့မယ်"

"ဒါဆိုရင်လည်းပြီးရောလေ"

"ရှင်လုပ်ရမှာက စနေနေ့၃နာရီ meeting ရှိတာသိတယ်နော်"

"သိပါတယ်"

"အဲ့ဒီ meeting အပြီး ဒေါ်မေဘုန်းကြွယ်ကို ပါပါးကပြောစရာရှိလို့ သူ့ရုံးခန်းမှာခဏစောင့်ပေးပါလို့ပြောပြီးခေါ်သွား"

Surgeon (Completed)(Unicode + Zawgyi)Where stories live. Discover now