ကားကိုတရကြမ်းမောင်းနှင်လာပြီး တစ်နေရာသို့ဦးတည်မောင်းနေရာ ခဏကြာလျှင် ထိုနေရာသို့ရောက်၍ ကားဟွန်းကိုဆက်တိုက်တီးလေသည်။ကားဟွန်းသံကြောင့်အထဲမှအမျိုးသမီးနှစ်ယောက်အပြေးထွက်လာကာ ခြံတံခါးလာဖွင့်လေသည်။ကားမှာအထဲသို့အရှိန်နှင့်၀င်သွားပြီး အိမ်ရှေ့တွင်ရပ်ချလိုက်သည်။
အမျိုးသမီးနှစ်ဦးအနက်တစ်ဦးမှာခြံတံခါးကိုပိတ်ကျန်ခဲ့ပြီး တစ်ဦးမှာကားနားသို့သွားလေသည်။ကားပေါ်ကဆင်းလာသည့် ဒေါ်မေဘုန်းကြွယ်မှာ ကားပေါ်ကဆင်းဆင်းချင်းကားနားကထိုအမျိုးသမီးအားဖက်ငိုနေတော့သည်။
"သက်ရယ် သူကများငါ့ကိုပြောရက်တယ်ဟယ်"
"ငါသူ့ကိုဘယ်လောက်ချစ်လဲနင်တို့သိတယ်မဟုတ်လား ဟင် ပြောစမ်းပါဦးဟယ်"
"မေဘုန်း နင်ဘာဖြစ်တာလဲဟယ်"
"ပြောစမ်းပါဟယ် ငိုချည်းမနေနဲ့"
"ငါနားလည်အောင်အထဲမှာသေချာပြောစမ်းပါသူငယ်ချင်းရယ်"
ခြံတံခါးပိတ်ပြီးအနီးသို့ရောက်လာသောဝေမွန်ဦးက ဒေါ်မေဘုန်းကြွယ်၏ရုတ်ချည်းဆန်သောအမူအရာတို့ကိုကြည့်၍ အကဲခတ်နေလေသည်။ထိုစဉ် အဒေါ်ဖြစ်သူက -
"ဝေမွန် ဘာရပ်ကြည့်နေတာလဲ"
"သွား နင့်မမကိုအထဲခေါ်"
"ငါသူ့ကားကိုဂိုဒေါင်ထဲသိမ်းလိုက်ဦးမယ်"
"ဟုတ်ဒေါ်လေး"
ဒေါ်သက်သက်ငြိမ်းသည် ဒေါ်မေဘုန်းကြွယ်ကိုအသာချော့မော့၍ ဖက်ထားသည်ကိုခွာလိုက်သည်။ဝေမွန်ဦးလက်ထဲသို့လွှဲလိုက်၍ ဒေါ်မေဘုန်းကြွယ်အား တူမဖြစ်သူကလက်မောင်းကိုကိုင်၍တရိုတသေတွဲခေါ်လာခဲ့သည်။အထဲသို့ရောက်လျှင် ဧည့်ခန်းကဆိုဖာပေါ်တွင်ထိုင်စေ၍ ဝေမွန်ဦး မီးဖိုခန်းထဲသို့၀င်ကာ ရေတစ်ခွက်ယူလာသည်။သူမရှေ့ချပေးလိုက်ပြီး -
"မမ သောက်လိုက်ပါဦး"
"မမကိုကြည့်ရတာသိပ်ပင်ပန်းလာတယ်"
"အင်း ပင်ပန်းတယ်ဝေရယ်"
ရေခွက်ကိုတစ်ငုံမျှငုံ၍ ပြန်ချလိုက်သည်။ထို့နောက်ဆိုဖာကိုမှီရင်း မျက်လုံးစုံမှိတ်ထားလေသည်။နောက်မှဒေါ်သက်သက်ငြိမ်းက အိမ်ထဲ၀င်လာပြီး သူမအနားကပ်ထိုင်ကာ -
YOU ARE READING
Surgeon (Completed)(Unicode + Zawgyi)
Romanceဖန်တီးမှုအသစ်လေးတစ်ခုပါပဲ✨ဖတ်ရင်းစီးမျောရင်းခံစားရင်း