နုထက်အမေနှင့်ဒေါ်ထိုက်ထိုက်စိုးအသေအချာတိုင်ပင်ဆွေးနွေးပြီးနောက်တွင် နှစ်ပတ်မြောက်၌ မင်္ဂလာဆွမ်းကပ်လုပ်ကာ နောက်တစ်ရက်တွင်မူ ဘိုးဘွားရိပ်သာသို့လိုအပ်သည်များလှုဒါန်းမည်။မင်္ဂလာဦးလက်ဖွဲ့အဖြစ် မြို့ထဲမှအပိုအဖြစ်၀ယ်ထားသည့်တိုက်နှင့်ခြံကိုလက်ဖွဲ့ကာ နုထက်တို့သွားနေရမည်ဖြစ်သည်။နုထက်တို့နှစ်ယောက်အတွက်ကူဖော်လောင်ဖက်ရစေရန် လုံမဆိုသောအိမ်အကူကောင်မလေးအားထည့်လိုက်မည်။
စိတ်၏ချမ်းမြေ့ခြင်း၊ရုပ်၏ရွှင်လန်းခြင်းတို့ဆုံးရှုံးနေသည့်နုထက်ကုဋေအတွက် ထိုမင်္ဂလာပွဲအစီအစဉ်များကိုစိတ်မပါ။စိတ်မှာတစ်နေရာ လူကတစ်နေရာ။ဖြစ်သင့်သည့်လမ်းပေါ်သို့လျှောက်နေပါသော်လည်း လေးဖင့်သည့်ခြေလှမ်းများနှင့်ခေါင်းငိုက်စိုက်ကျကာ လမ်းလျှောက်နေသည့်သူသာ။မတွေ့ရသည့်ရက်မှာလည်းတစ်ပတ်ကျော် နှစ်ပတ်နီးနီးဖြစ်နေ၍ တွေ့ချင်မိသည်။
လွမ်းဆွတ်မှုတို့မှာမေ့ဖျောက်မရသောစိတ္ထဇသဖွယ်။ဟန်နီဟုခေါ်သည့်အမျိုးသမီးကိုစိုးရိမ်စိတ်၊နှစ်သိမ့်လိုစိတ်တို့ဖြင့် နုထက်ကုဋေ၏စိတ် လောင်မီးကျနေသည်ဟုပင်ဆိုရပါတော့မည်။အတွေးမျိုးစုံနှင့်နုထက်တစ်ကိုယ်တည်း ညနေပိုင်းအိမ်ရှေ့ကတန်းလျားလေးတွင်ထိုင်နေစဉ် ဖုန်းသံကြားသဖြင့် အိပ်ပေါ်ပြန်တက်သွားသည်။ဖုန်းကိုအခန်းထဲထားခဲ့မိ၍ အခန်းဆီသို့အရောက်ဖုန်းနံပါတ်ကြည့်လိုက်ရာ ဒေါ်ဆုမြတ်မောင်မောင်ဖြစ်နေသည်။
ဖုန်းကိုင်ပြီးနောက် နုထက်တစ်ဖက်မှတုန်ရီနေသည့်အသံအချို့ကိုစကြားရလေသည်။၀မ်းနည်း၍ငိုကြွေးနေသည့်အသံနှင့်အတူ ရှိုက်သံအချို့ ဖြင့် -
"သမီး နုထက်"
"သမီးလူကိုအသက်မှီချင်တယ်ဆိုရင် ဒီညနေအရောက်လာခဲ့ပါကွယ်"
"သူအခြေအနေသိပ်မကောင်းဘူး"
"မမခင်ကဆေးရုံတင်ဖို့ပြောပေမယ့်သူ့ဆန္ဒကြောင့်မတင်ဘူးသမီး"
"သူ့ရဲ့နောက်ဆုံးထွက်သက်မှာသမီးကိုမျှော်နေမှာတီချယ်မြတ်သိတယ်"
ESTÁS LEYENDO
Surgeon (Completed)(Unicode + Zawgyi)
Romanceဖန်တီးမှုအသစ်လေးတစ်ခုပါပဲ✨ဖတ်ရင်းစီးမျောရင်းခံစားရင်း