Episode - 9(Unicode)

3.5K 229 3
                                    

    စကားများပြီးသည့်နောက်ပိုင်း ဆယ်တန်းစာမေးပွဲနီးလာ၍ စာသာသင်ချိန်တန်လျှင်သင်လိုက်သည်။အိမ်မကြီးဘက်သို့ခြေဦးပင်မလှည့်တော့ပါ။နုထက်အတွက် ဒေါ်ထိုက်ထိုက်စိုးအချိန်ပေးထားသည့်ကာလကလည်းပြည့်တော့မည်။အဖြေပေးရမည့်ရက်မှာ ကပ်ကပ်လာလေလေ စိတ်ဖိစီးရလေလေဖြစ်သည်။

    စိတ်‌ရောကိုယ်ပါပင်ပန်းနွမ်းနယ်နေသည့်ဒေါ်ဆုမြတ်မေတစ်ယောက်လည်း နုထက်အကြောင်းနားစွင့်ရုံမှလွဲ၍မရှိ။စိတ်ဆိုးမုန်းတီးသွားသည်ကသေချာသော်လည်း ဖြေရှင်းလိုစိတ်မရှိချေ။ရောဂါမှာလည်းဖိစီးနေ၍ ဆေးသောက်ရင်းတစ်ရက်တစ်ရက်ကိုကျော်ဖြတ်နေသည့်ရောဂါသည်အတွက် သေခြင်းတရားကိုသာအားကိုးတစ်ကြီးမျှော်နေတော့သည်။

    နုထက်အချိန်ပေးထားသည့်ရက်မပြည့်ခင် ‌ဒေါ်ထိုက်ထိုက်စိုးထံတစ်ခေါက်ပြန်သွားပြီး မိမိသဘောထားကိုပြန်ကြားခဲ့သည်။ဤသဘောထားတို့သည် ရှေ့တိုးမရနောက်ဆုတ်မရသည့်ဟန်နီ၏ရက်စက်လှသည့်ပိုက်ကွန်ထဲတွင်မိနေသည့် ငါးတစ်ကောင်၏ဆုံးဖြတ်ချက်ဟုဆိုချင်ဆို။နုထက်ဒေါ်ထိုက်ထိုက်စိုးရှေ့တွင် မိမိသဘောထားကိုပြောပြစဉ် -

"ကြီးကြီးစိုး ခုဒီကိုလာတာဆာဂျင်နဲ့နုလက်ထပ်ဖို့ကိစ္စပြောချင်လို့ပါ"

"နု...ဆာဂျင်ကိုလက်ထပ်ပါ့မယ်ကြီးကြီးစိုး"

"အလို....မင်္ဂလာသတင်းပဲသမီးလေးရဲ့"

"ကြီးကြီးစိုးအသေဖြောင့်ပါပြီ"

"အိမ်ကသမီးအတွက်အခုမှစိတ်အေးရတော့တယ်"

"သမီးစိတ်ကူးပြောပါဦး Wedding ကိုဘယ်လိုလုပ်ချင်လဲ"

"နောက်ခန်း၀င်ပစ္စည်းကိစ္စ"

"သမီးကြိုက်သလိုကြီးကြီးစိုးစီစဉ်ပေးမယ်"

"နုအများကြီးအကျယ်မချဲ့ချင်ပါဘူး ကြီးကြီးစိုးအိမ်မှာပဲ ဘုန်းကြီးဆွမ်းကပ်မယ် မင်္ဂလာဆွမ်းသဘောမျိုးပါ"

"နောက်ပြီးဘိုးဘွားရိပ်သာမှာလှုချင်တယ် မင်္ဂလာဦးအထိမ်းအမှတ်အနေနဲ့"

"ဒီနိုင်ငံမှာတရားဥပဒေအရ လိင်တူလက်ထပ်တာကိုတရား၀င်ခွင့်မပြုသေးတာမို့ နားလည်မှုနဲ့ပဲပေါင်းဖက်ပါရစေ"

Surgeon (Completed)(Unicode + Zawgyi)Waar verhalen tot leven komen. Ontdek het nu