" ဒေါက် ဒေါက်"
"၀င်ခဲ့ပါ"
အခန်းတံခါးဖွင့်လိုက်သည်နှင့် တံခါး၀မှာ အမြင်စူးလှသည့်အလှတရားတို့ဖြင့် မိမိအားပြုံးပြနေလေသည့်ရည်။မနက်အစောကြီးရှိသေးသော်လည်း ထူးထူးခြားခြားပေါက်လာ၍
အံ့ဩမိသဖြင့် မေးလိုက်မိသည်။"ရည်ဘာကိစ္စရှိလို့လဲ"
"ရည်ဆာဂျင့်ဆီလာတာ"
"မတွေ့ရတာကြာလို့"
"ဘယ်တွေများပျောက်နေလဲလို့"
ဧည့်သည်ထိုင်ခုံတွင်မထိုင်ပါဘဲ မိမိအနားရောက်လာပြီး မရွှေချောက ပုခုံးနှစ်ဖက်ကိုဖျတ်ကနဲလာကိုင်လိုက်သည်။skinship ကိစ္စမှာနုထက်ကလွဲ၍ အခြားသောမိန်းမများကိုခွင့်မပြုထားသည့် ဒေါ်မေဘုန်းကြွယ်အတွက် နှစ်သက်မှုတစ်စုံတစ်ရာမရှိ။သို့သော် သည်းခံရမည့်အကြောင်းတရားမှာ သူ့အဖေဆေးရုံအုပ်။
မိမိမြောင်းပေးခဲ့၍ စီးဆင်းလာသည့်ရေဖြစ်သဖြင့် တားဆီးရန်အခက်ကြုံနေရသည်။ကိုယ်စခဲ့သည့်ဇာတ်ကိုယ်ဆုံးအောင်ကရင်း သွယ်ဝိုက်သောနည်းဖြင့် အန္တရာယ်ချောက်ထဲသို့မကျအောင်သတိထားပေမည်။ထို့ကြောင့် ပုခုံးပေါ်ကလက်နှစ်ဖက်ကို ညင်သာစွာဖယ်လိုက်ကာ ပြုံးပြလိုက်သည်။
ငွေရည်ဆင့်သည်အမူအရာပြောင်းလဲသည့်ဒေါ်မေဘုန်းကြွယ်၏ပုံစံကိုမကြိုက်။မကြိုက်ရခြင်းအကြောင်းရင်းခံက ဒေါ်မေဘုန်းကြွယ်ကို ငွေရည်ဆင့်ချစ်မိသွား၍သာ။ချစ်ခြင်း၏အလိုဆန္ဒသည် စည်းဘောင်နှင့်မသက်ဆိုင်။ရယူပိုင်ဆိုင်နိုင်ခြင်းနှင့်သာဆိုင်သည်ဟုခံယူထားသည်။
ဒေါ်မြတ်မြတ်မေနှင့်လွဲခဲ့ရ၍ ဒေါ်မေဘုန်းကြွယ်အလှည့်တွင်မလွဲချင်တော့ပါ။ နုထက်လက်ထဲမှလုယူရန်မှာလည်း ခက်ခဲနေမည်မဟုတ်။ပန်းတိုင်သည် ဒေါ်မေဘုန်းကြွယ်မိမိလက်ထဲသို့ရောက်လာရမည်။ဤအရာအတွက်ငွေရည်ဆင့်ဟူသောမိန်းမ၏သိက္ခာ၊အရှက်တရား၊ကျင့်၀တ်စသည်တို့ကိုစွန့်လွှတ်နိုင်သည်။ဤသို့ဖြင့်ငွေရည်ဆင့်၏မြွေဟောက်ကဲ့သို့သောအဆိပ်အစွယ်တို့မှာ ဒေါ်မေဘုန်းကြွယ် လည်ပင်းနားသို့ရောက်လာခဲ့ချေပြီ။
YOU ARE READING
Surgeon (Completed)(Unicode + Zawgyi)
Romanceဖန်တီးမှုအသစ်လေးတစ်ခုပါပဲ✨ဖတ်ရင်းစီးမျောရင်းခံစားရင်း