အပြင်ကပြန်လာသည့်နုထက်အိမ်ရောက်ရောက်ချင်း အခန်းထဲသို့တန်း၀င်သွားကာ အ၀တ်မလဲဘာမလဲနှင့်လှဲအိပ်နေတော့သည်။မိမိ၏တားမြစ်နေသည့်စကားများကို ပေါ့ပေါ့တန်တန်နားထောင်ပြီး ဂရုမစိုက်သည့်ဆာဂျင်ကိုစိတ်ဆိုးဒေါသထွက်သည်။မိမိကျမှဇာတ်နာနေသည့်ကံကြမ္မာ၏ဇာတ်ညွှန်းကိုလည်း ထပ်ခါတလဲလဲအပြစ်တင်ကာ ဘေးတစ်စောင်းအိပ်နေရင်း ကြမ်းပြင်ကိုလက်သီးဖြင့်တဒုန်းဒုန်းထုနေသည်။
နှစ်ယောက်တစ်ဘ၀သာယာလှပနေသည့်အခိုက်အတန့်သည် သက်ဆိုးမရှည်ချင်၍ ဆာဂျင်က မုန်တိုင်းတစ်ခုသဖွယ်ရုတ်ချည်းတရကြမ်း၀င်ရောက်လာခဲ့၏။မိဘချင်းသဘောတူကြည်ဖြူနေသည့်ဤလက်ထပ်ပွဲကိုနုထက်ဖျက်ရန်အတော်ခက်နေပေပြီ။မိခင်၏သဘောဆန္ဒကိုမလိုက်နာပြန်လျှင် သားမိခန်းဖြတ်ခံရတော့မည်။ချစ်သူဒေါ်ဆုမြတ်မေကိုစွန့်လွှတ်ပစ်ရန်မှာလည်းမဖြစ်နိုင်။
မကျေနပ်ချက်များကိုလက်သီးဆီသို့ပို့လွှတ်ကာအားနှင့်ကြမ်းပြင်ကိုထုနေခဲ့သည်။အခန်းတွင်းမှထိုအသံက ထရံခြားထားကာ ထရံကိုမှီထိုင်နေသောအပြင်ဘက်က ဒေါ်နှင်းနှင်းစိန်နားထဲ၌အတိုင်းသားကြားနေရသည်။မိမိစိတ်တိုင်းကျမဖြစ်လေသည့်သမီးအပေါ်ထွက်နေသည့်ဒေါသကိုထိန်းနေသည့်ကြားမှ အဆုံးတွင် -
"နုထက်ကုဋေ ညည်းဘာမကျေနပ်တာလဲ"
"ငါ့ကိုလာပြောစမ်း အထဲကနေနားမညီးနဲ့"
"အပြင်ထွက်ခဲ့စမ်း"
မိခင်၏ခေါ်သံကြောင့်နုထက်နွမ်းလျနေဟန်ဖြင့် အခန်းပြင်ထွက်လာခဲ့သည်။TV ရှေ့တွင်သားမိချင်းဆွေးနွေးစကားပြောရန် ထုံးစံအတိုင်းခပ်ရို့ရို့လေးထိုင်ကာ ခေါင်းကိုငုံ့ထားရင်း စကားစလိုက်သည်။
"အမေ ဆာဂျင်ကိုမယူလို့မရဘူးလား"
"သမီးချစ်တာ ဒေါ်ဆုမြတ်မေ"
"သမီးမချစ်တဲ့လူကို ဇနီးအဖြစ်သမီးဘယ်လိုစိတ်နဲ့လက်ခံရမလဲ"
"သူ့ဘက်ကဘာမှပြောစရာမရှိဘူးဆိုဦးတော့ သမီးလက်မထပ်နိုင်ဘူးအမေ"
"ညည်းသိပ်ယူကြုံးမရဖြစ်နေလားနုထက်ကုဋေ"
"ညည်းဟာမကိုသိပ်ချစ်တယ်ပေါ့"
YOU ARE READING
Surgeon (Completed)(Unicode + Zawgyi)
Romanceဖန်တီးမှုအသစ်လေးတစ်ခုပါပဲ✨ဖတ်ရင်းစီးမျောရင်းခံစားရင်း