Episode - 20(Zawgyi)

830 23 0
                                    

     ကျောင်းတွင်းစာသင်ခန်းတစ်ခန်းချင်းစီမှ စာရွတ်ဖတ်သံများ၊ဆရာဆရာမများ၏ရှင်းလင်းသင်ကြားနေသံများကိုနားထဲတွင်ကြားနေရသည်။ခေါင်းကမူမထောင်နိုင်။မနက်ကျောင်းလာကတည်းက ခေါင်းမူးနေသော်လည်းတာဝန်ကလည်းဖြစ် ခုလောက်အခြေအနေသိပ်မဆိုးသေး။

   ယခုအခါခေါင်းကမထောင်ချင်ဖြစ်ပြီး မောပန်းနွမ်းနယ်နေသည်။ခေါင်းမူးလာပြီးအသက်ရှုမ၀သကဲ့သို့ဖြစ်လာ၍ အခန်းထဲကတန်းလျားခုံလေးတွင်လှဲနေလိုက်သည်။အခန်းထဲ၌မိမိတစ်ယောက်တည်းသာရှိပြီး ကျန်ဆရာမများကအတန်းဝင်နေသည်။ယခုရက်ပိုင်းလေးတွင်ကျန်းမာရေးမှာညံ့လာသည်ကိုတော့သတိထားမိသည်။သိပ်မဆိုး၍အမှုမဲ့အမှတ်မဲ့ထား၍သာ။

       ကျောင်းဆင်းခါနီးအချိန်ဖြစ်၍ အတန်းစောဆင်းလာသည့်နန်းစန္ဒာက အခန်းထဲသို့အခြားဆရာမများထက်အရင်ရောက်လာသည်။အခန်းထဲသို့ဝင်ဝင်ချင်း မိမိတို့ထိုင်နေသည့်ကုလားထိုင်များတွင် ခြင်းကိုချထိုင်လိုက်ပြီး ဘေးဘီကိုကြည့်လိုက်စဉ် အခန်းထဲမှတန်းလျားခုံပေါ်တွင်အိပ်နေသည့်နုထက်ကိုမြင်၍ အနားသွားကာ -

"နုထက် နေမကောင်းဘူးလား"

"အင်း"

     မျက်လုံးတို့ကိုမဖွင့်ဘဲဖြေလိုက်သည်။ထို့ကြောင့်နန်းစန္ဒာဘာမှဆက်မမေးဘဲ အနားယူနေသည်ကိုမနှောင့်ယှက်ခြင်းဖြင့်ကူညီလိုက်သည်။နုထက်ပစ္စည်းများအားခြင်းထဲသို့ထည့်ပေးပြီးကျောင်းဆင်းလျှင် အသင့်ပြန်နိုင်ရန်သာလုပ်ပေးနေလေသည်။နန်းစန္ဒာရောက်လာပြီး ၅မိနစ်ခန့်အကြာကျောင်းဆင်းခေါင်းလောင်းတီးလေသည်။နုထက်နားထဲခေါင်းလောင်းသံကြားမှ ကျောင်းဆင်းချိန်ကိုသတိရသည်။

      အိပ်နေရာမှဖြေးဖြေးချင်းထလိုက်ရာ နန်းစန္ဒကအနားမှာပင်။နန်းစန္ဒာကနုထက်အားကြည့်၍ -

"နုထက် ဘယ်နေရာကနေလို့မကောင်းတာလဲ"

"ဘာဖြစ်သလဲတော့ငါမသိပါဘူး"

"ဖြစ်နေတာတော့သုံးရက်လောက်ရှိပြီ"

"ခေါင်းမူးပြီးပင်ပန်းနေသလိုပဲလူက"

Surgeon (Completed)(Unicode + Zawgyi)Donde viven las historias. Descúbrelo ahora