ဒေါ်မေဘုန်းကြွယ်အားနုထက်နှင့်အရင် နေခဲ့သည့်အိမ်ကိုခေါ်လာပြီးနောက် မိမိတို့မင်္ဂလာဦးအခန်းတွင်းသို့ခေါ်ဆောင်သွားကာ အသာလှဲနေစေသည်။မျက်ရည်စက်လက်နှင့် တငိုငိုတရီရီဖြစ်နေတုန်းဇနီးသည်ဘေးတွင် မိမိအပါအ၀င် ဒေါ်သက်သက်ငြိမ်း၊နန်းစန္ဒာပါရှိနေလေသည်။အားလုံးသည်ကုတင်ပေါ်တွင် ပတ်ပတ်လည်ဝိုင်းထိုင်နေကြကာ တစ်ယောက်တစ်ခွန်းဖြေသိမ့်ပေးနေကြတော့သည်။
"မငိုပါနဲ့မေဘုန်းရယ်"
"ဖြစ်ခဲ့တာတွေနင်လည်းသိတာမှမဟုတ်ဘဲ"
"သူလိမ်နေတာလည်းဖြစ်ချင်ဖြစ်မှာပါ ဒီကလေးမလေးက ဟော့ဟော့ရမ်းရမ်းနဲ့အကြောက်အလန့်မရှိဘူးလေ"
"မဟုတ်ဘူးသက် ငါ့စိတ်ကသိနေတယ်"
"ငါ့အပေါ်တစ်ခုခုလုပ်ခဲ့တယ်ငါမသိခင်"
"အန်တီ နုထက်သူငယ်ချင်းတစ်ယောက်အနေနဲ့၀င်ပြောခွင့်ပေးပါ"
"ငွေရည်ဆင့်ကငယ်ငယ်တည်းကအကျင့်မကောင်းတာဟုတ်ပေမယ့် သူဒီလိုလုပ်လိမ့်မယ်မထင်ခဲ့ဘူးသမီးလည်း"
"သူကလုပ်မယ်ဆိုလုပ်တယ်ငယ်ငယ်တည်းက ဘာမှထည့်တွက်နေတဲ့အမျိုးမဟုတ်ဘူး"
"ဒါပေမယ့် ဒီအဖြစ်အပျက်ကိုသမီးကိုယ်တိုင်သူ့အဖေကိုလိုက်ပြောမယ်အန်တီ"
"ဒင်းမိုက်ရိုင်းလွန်းတယ်"
"တစ်ရှက်ကနေနှစ်ရှက်ဖြစ်တာပဲပိုပါမယ်သမီးရယ်"
(ဒေါ်မေဘုန်းကြွယ်ငိုနေရင်းစကားပြောနေသဖြင့် စကားသံတို့ကတုန်ခါနေရာ)"အန်တီခန္ဓာကိုယ်ကိုသူထိသွားပြီးပြီ အန်တီစိတ်မသန့်ချင်တော့ဘူး"
"နောက်ပြီးအဲ့ဒီဆေးရုံကနေ အန်တီအလုပ်ထွက်တော့မယ်"
"အဲ့ဒီမိသားစုနဲ့လည်းမပတ်သတ်ချင်ဘူး"
"ဆာဂျင်ရယ် နုရှိနေတာပဲ"
"ဘာဖြစ်လို့ဒီလိုအားလျော့တဲ့စကားတွေပြောနေရတာလဲ"
"နုရှိတယ်လေ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်နုရှိနေမှာ"
"ငွေရည်ဆင့်ကိုလည်း ထိုက်တန်တဲ့အပြစ်တစ်ခုပေးကိုပေးမယ်ဆာဂျင်"
DU LIEST GERADE
Surgeon (Completed)(Unicode + Zawgyi)
Romantikဖန်တီးမှုအသစ်လေးတစ်ခုပါပဲ✨ဖတ်ရင်းစီးမျောရင်းခံစားရင်း