Episode - 7(Zawgyi)

792 19 0
                                    

     ဘုရားတွင်တွေ့ခဲ့သည့်နောက်ပိုင်းမှစ၍ ဒေါ်ဆုမြတ်မေနုထက်အားအတွေ့မခံတော့ပါ။အိမ်တွင်ရှိနေသည့်အခါများတွင်လည်းအခန်း၌သာတစ်ကိုယ်တည်းနေတတ်သည်။နုထက်ဖုန်းဆက်သော်လည်းမကိုင်၍ နုထက်အပေါ်တက်ကြည့်ပြန်လျှင်လည်း အခန်းတံခါးကိုလော့ချကာအသံမပေးပဲနေသည်။ခဏအတွင်းပြောင်းလဲသွားသည့် ဒေါ်ဆုမြတ်မေကိုနုထက်စိတ်နာနာနှင့်ချစ်နေတုန်းပင်ဟုဆိုရပေမည်။လက်မလျော့ပဲ ဆုံတွေ့ရန်ကြိုးစားနေတုန်းပင်။

     အခန်းတံခါးမဖွင့်သည့်အခါ မှာချင်သည့်စကားများကိုစာတစ်စောင်ဖြင့်ရေးကာ အခန်းတံခါးအောက်စာတစ်စောင်သာဝင်နိုင်သည့်အဟသေးသေးလေးမှ အခန်းတွင်းသို့ထည့်လိုက်သည်။ထို့နောက်မှ မိမိပြန်ပြီဖြစ်ကြောင်းပြောတတ်သည်။စားစရာသောက်စရာဆိုလျှင်လည်း ညီမဖြစ်သူဒေါ်ဆုမြတ်မောင်မောင်ဆီတစ်ဆင့်အပ်၍ပေးခဲ့လေသည်။‌

   ဤသို့မျက်နှာမမြင်အသံမကြားရသည့်နေ့ရက်များမှာ နှစ်ပတ်ခန့်မျှရှိသည့်အခါ နုထက်တစ်ခြားနည်းလမ်းကိုစဉ်းစားရပြန်သည်။တစ်ဖက်ကိုညှိမရလျှင် နောက်တစ်ဖက်ကိုကြိုးစားကြည့်ရန်ပင်ဖြစ်ရာ နုထက်ဒေါ်မေဘုန်းကြွယ်အားရရာနည်းဖြင့် ဖျောင်းဖျရန်ကြိုးစားမည်။မရရအောင်ဖျောင်းဖျရမည်။မဟုတ်လျှင် ဒေါ်ဆုမြတ်မေမျက်နှာကိုနုထက်ဒီတစ်သက်မြင်ရမည့်ကိန်းမရှိချေ။

    နုထက်သည်လည်းအကြံအိုက်နေသကဲ့သို့ ဒေါ်ဆုမြတ်မေ၏ရင်တွင်း၌လည်းမသက်သာရှာ။အကြောင်းမှာကံကြမ္မာဆိုးဟူ၍ပင်အမည်တပ်ရပေမည်။နုထက်နှင့်နောက်ဆုံးတွေ့ခဲ့သည့်နေ့က အမှုသည်ဟူ၍သူမလိမ်ညာပြောခဲ့ခြင်းဖြစ်ရာတွင် အမှန်တကယ်တွေ့ဆုံနေသည်မှာ ဆရာဝန်နှင့်သာဖြစ်သည်။အလုပ်မအားသည့်အတွက် Medical check up မလုပ်သည်မှာကြာမြင့်၍ မကြာသေးခင်ကစစ်ဆေးခဲ့သောအဖြေကိုသွားယူခြင်းဖြစ်သည်။

      ဒေါ်ဆုမြတ်မေအတွက်ဆရာဝန်နှုတ်မှထွက်ကျလာသောဆေးစစ်ချက်တို့ကိုမယုံချင်ပါ။သို့သော်စာရွက်စာတမ်းတို့အရသာယုံကြည်လိုက်ရပါသည်။အသည်းကင်ဆာဆဲလ်တွေ့ရှိသည်ဟူသည့်အဖြေကိုသိလိုက်ရသည့်အချိန်တွင် နုထက်မျက်နှာကိုအရင်ပြေးမြင်ကာ ဆို့နင့်ကြေကွဲရလေသည်။ဤရောဂါသည်ကုသ၍ရနိုင်သည်ဟုဆရာဝန်ကပြောနေသော်လည်း မိမိမကုချင်တော့ပါ။လက်ကျန်အချိန်များကိုဆေးရုံတွင်ကုန်ဆုံးမသွားချင်။

Surgeon (Completed)(Unicode + Zawgyi)Where stories live. Discover now