အပြင်တွင်မိုးမှာခပ်ဖွဲဖွဲကျနေသည့်နေ့တစ်နေ့၏ညနေစောင်းတွင် အ၀တ်လှန်းထားသည့်အတွက်ကပြာကယာရုတ်၍ အခန်းထဲကခြင်းထဲသို့ထည့်နေလေသည်။အ၀တ်ရုတ်ပြီးသည့်အခါမိုးကပိုသည်းလာသည်။လေပါပါ၍ မိုးသံလေသံကလည်း ကြောက်မက်ဖွယ်ပင်။နာရီကိုကြည့်မိရာ ညနေငါးနာရီပင်ကျော်နေလေပြီ။
သို့ဖြစ်၍ နာရီတစ်ကြည့်ကြည့်နှင့် အောက်ထပ်ကဧည့်ခန်းတွင် လမ်းပတ်လျှောက်ကာ နုထက်တစ်မျှော်မျှော်ဖြစ်နေသည်။မိုးနှင့်လေနှင့်ရာသီ၌ဖြစ်နိုင်လျှင်စောစောပြန်လာစေချင်သည်။တစ်မျှော်မျှော်နှင့်ထိုသူမှာ မျှော်သာမျှော်ပေါ်မလာသောသူကို စိတ်မရှည်လာပုံရပါသည်။ဧည့်ခန်းကစားပွဲတွင်တင်ထားသည့်ဖုန်းကိုကောက်ယူ၍ ဖုန်းခေါ်ရာ၌ စက်ပိတ်ထားသည်ဟုပြန်ဖြေသည်။
စိတ်ကပေါက်လာပြန်၍ ဖုန်းကိုနောက်ထပ်ငါးခါလောက်ထပ်ခေါ်လိုက်ပြန်သည်။နောက်တစ်ကြိမ်တွင်လည်း ထိုနည်းတူဖြေပြန်၍ -
"တောက်"
စိတ်တိုတိုနှင့်ခေါက်လိုက်သောတောက်တစ်ချက်က ဆိုဖာခုံတွင်အဖော်ထိုင်စောင့်ပေးနေသည့် လုံမပါလန့်သွားသည်။လက်သီးတစ်ဆုပ်ဆုပ်နှင့်ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည့်နုထက်၏မျက်နှာတွင်ဒေါသရိပ်တို့သမ်းနေ၍ လုံမက -
"အစ်မ သိပ်လည်းစိတ်မပူပါနဲ့"
"တီတီမေကနောက်ကျတယ် တစ်ခါတစ်လေကြီးကြီးအိမ်ဆိုလည်း"
"နောက်ကျလည်းဖုန်းလေးတော့ကိုင်လေ ငါးနာရီခွဲကျော်နေပြီ"
"မိုးနဲ့လေနဲ့"
"ငါကမှစောင့်ရတာမကြိုက်ပါဘူးဆိုနဲ့"
"ခုထိပြန်မလာဘူး"
"နောက်ကျမယ်ဆိုရင် နောက်ကျမယ်လို့ပြောပါ့လား"
"ခုကဖုန်းမကိုင်ဘာမကိုင်နဲ့"
"ငါစိတ်တိုတယ်လုံမ"
"ဟူး.....တီတီမေနဲ့အစ်မကတော့ခက်ပြီ"
လုံမလည်းနုထက်အခြေအနေမှာပြေရာပြေကြောင်းပြောလည်းနား၀င်မည့်အခြေအနေတွင်မရှိ၍ အသာနေလိုက်တော့သည်။ခဏအကြာမှဟွန်းတီးသံကြားရသည်။ခြံရှေ့ကအသံပင်။
KAMU SEDANG MEMBACA
Surgeon (Completed)(Unicode + Zawgyi)
Romansaဖန်တီးမှုအသစ်လေးတစ်ခုပါပဲ✨ဖတ်ရင်းစီးမျောရင်းခံစားရင်း