"ဆာဂျင် ရည်၀င်လာပြီနော်"
တံခါးအပြင်မှအသံပေးရင်း၀င်လာလေသူမှာ မာယာဘုရင်မငွေရည်ဆင့်။ဒေါ်မေဘုန်းကြွယ်မှာကိုယ့်စိတ်ညစ်စရာနှင့်ကိုယ်ဖြစ်နေ၍ ငွေရည်ဆင့်၀င်လာလျှင် ခေါင်းငြိမ့်ပြီးရှေ့ကခုံတွင်ထိုင်ရန်လက်ဖြင့်ညွှန်ပြသည်။သို့သော် ငွေရည်ဆင့်သည်ရှေ့ကထိုင်ခုံများတွင်မထိုင်ဘဲ သူမထိုင်နေသည့် ဆုံလည်ကုလားထိုင်နောက်သို့ရောက်လာပြီး -
"ဆာဂျင် ရည်ကိုချစ်လား"
"ဟင့်အင်း မချစ်ဘူး"
"ချစ်လိုက်ပါ ရည်ကနုထက်ထက်ဘယ်နေရာနောက်ကောက်ကျနေလဲ"
"ပြောစမ်းပါ"
"မဆိုင်ဘူး သူကသူ မင်းကမင်း"
"မင်းကိုဘာစိတ်မှထားလို့မရဘူး"
"အေးလေ....ဒါဆိုလည်း"
"ချစ်အောင်လုပ်ရမှာပေါ့"
"ဟေ့ ဟေ့ မင်း မင်း ...."
မျက်စိတစ်မှိတ်အတွင်း ဆာဂျင်ဒေါ်မေဘုန်းကြွယ်၏နှုတ်ခမ်းအပေါ်သို့ ငွေရည်ဆင့်၏နှုတ်ခမ်းကကပ်လျက်သား။ရုတ်တရတ်လည်းဖြစ် ပြန်ရုန်းရန်ကလည်း ဆုံလည်ထိုင်ခုံတွင်ထိုင်နေသည့် မိမိပုခုံးနှစ်ဖက်အား ငွေရည်ဆင့်ကလှုပ်မရအောင်ဖိထားလေသည်။အားမတန်၍ ပြန်မထနိုင်သေးခင် ငွေရည်ဆင့် အနမ်းတို့မှာလည်ပင်းထိရောက်လာကာ Duty coat အဖြူ၏ ကော်လံစပေါ်သို့ ထပ်နမ်းလိုက်ပြန်သည်။
မသတီစရာလုပ်ရပ်ဖြစ်၍ စိတ်ထဲတွင်တုန်လှုပ်မိသည်။မိမိခန္ဓာကိုယ်ကို ထပ်ပြီးအထိမခံနိုင်တော့၍ အသားကုန်အော်ဟစ်လိုက်တော့သည်။
"တော်တော့ တို့ခန္ဓာကိုယ်ကိုအဲ့လိုဆက်မလုပ်နဲ့ငွေရည်ဆင့်"
"ဖယ် တို့ပုခုံးပေါ်ကလက်တွေဖယ်"
ဒေါ်မေဘုန်းကြွယ်၏စားမတတ်ဝါးမတတ်မျက်လုံးများကိုတော့ ငွေရည်ဆင့်ဖြုံသွားပုံရသည်။လက်ကိုလွှတ်ပေးလိုက်ပြီး နောက်ဆုတ်လိုက်စဉ် ဒေါ်မေဘုန်းကြွယ်မှာဗြုန်းကနဲထလိုက်ပြီး အမုန်းကျိန်စာအပြည့်နှင့် လက်ဝါးတစ်ချက်က ငွေရည်ဆင့်ပါးပေါ်ကျသွားသည်။
YOU ARE READING
Surgeon (Completed)(Unicode + Zawgyi)
Romanceဖန်တီးမှုအသစ်လေးတစ်ခုပါပဲ✨ဖတ်ရင်းစီးမျောရင်းခံစားရင်း