Episode - 26(Extra)(Unicode)

9.3K 360 17
                                    


"ဆာဂျင်ရေ"

"အဲ့လေ ဘွာတေး ယောင်လို့"

"မေ"

"ပြောလေ နုလေး"

"ဒီတစ်ခေါက်ခရီးထွက်လာတာပျော်ရဲ့လား"

"ဘယ်လိုပြောပါလိမ့်ကွယ် နုလေးရှိတဲ့အရပ်မှာမေဘုန်းကြွယ်ဆိုတာပျော်နေမှာ"

"သိပ်စကားတတ်လွန်းတယ် ကွက်စိပ်တို့စကားနပန်းတို့၀င်ပြိုင်"

"ဆရာမလေးကို ကျွန်မကချစ်လို့ပြောတာပါနော့ ချိုသကာစကားများနားမှာခါးသလား"

"မခါးပါဘူး Veve မန်ကျည်းအချိုရည်လို ချဉ်ချိုလေး"

"ချဉ်ချိုတော့ ချိုချဉ်စားမလား နေ့လည်က အပြင်ကိုထွက်သွား၀ယ်ရင်းလေ စတိုးဆိုင်ကအမ်းလိုက်တာ"

"မေးမလို့နေ့လည်က ခြံပြင်ထွက်သွားတာဘာလုပ်မလို့လဲ"

"ဪ ကမ်းခြေလေ အပြင်ထွက်ရင်နေပူလောင်မှာစိုးလို့ နုလေးအတွက် Suncream သွား၀ယ်တာ"

"တရေးနိုးထတော့လန့်နေတာပဲ မေသိပ်ဆိုးတာပဲ"

"ခဏပြန်လာမှာလေ အဲ့တာကြောင့်စာမချန်ခဲ့တော့တာ"

"ဒါနဲ့ဒီအိမ်ရော ဘယ်လို၀ယ်လိုက်တာလဲ"

"လွန်ခဲ့တဲ့လေးလကနုလေးဒီဘက်ကိုအပန်းဖြေခရီးသွားချင်တယ်ပြောလို့ တို့၀ယ်လိုက်တာ"

"အိမ်ကကမ်းခြေနဲ့သိပ်မဝေးတာပိုကံကောင်းတယ်"

"ဒီကိုလာတိုင်း ကိုယ့်အိမ်မှာကိုယ်နေရတာပေါ့ ကျန်တဲ့အချိန်ခြံစောင့်နဲ့ထားမယ်"

"ညနေရော လမ်းလျှောက်မလားဟင်မေ"

"နုလေးလက်ကိုဆွဲထားရရင် ဘယ်ကမ္ဘာရောက်ရောက်ကွာ သွားကြတာပေါ့"

ငွေရည်ဆင့်တို့မိသားစုပိုင်ဆိုင်သည့်ဆေးရုံမှအလုပ်ထွက်ခဲ့ကာ ငွေရည်ဆင့်မှာလည်း ကေသီတို့ထွက်ဆိုမှုကြောင့် ရှောင်တခင် ငွေရည်ဆင့်အိမ်သို့စစ်ဆေးရေး၀င်ရာ မူးယစ်ဆေးဝါးသုံးစွဲနေသည်ကိုသိရှိ၍ တစ်မှုပေါ်နှစ်မှုထပ်တိုးသွားတော့သည်။စိတ်ထားနှင့်လုပ်ရပ်မှာ အကျိုးဆက်ကိုဖန်တီးပေးသွားပေရာ ယခုငွေရည်ဆင့်မှာ ထောင်ထဲတွင်အပြစ်ကြွေးတို့ကို ရက်စေ့သည်အထိဆပ်နေရလေသည်။

Surgeon (Completed)(Unicode + Zawgyi)Where stories live. Discover now