ညနေပိုင်းကျောင်းဆင်းချိန်ဖြစ်၍ ကလေးများကကျောင်းတွင်းတွင်မရှိတော့ဘဲ ကျောင်းအပြင်လမ်းပေါ်၌ အိမ်ပြန်လမ်းကိုခပ်သွက်သွက်ခြေလှမ်းကလေးများဖြင့်ပြေးသွားကြလေပြီ။ကျောင်း၀န်းအတွင်း စာသင်သားကိုရင်အချို့ကလည်း ရေမိုးချိုးရန် ရေကန်နားတွင်စုစုစုစုလုပ်နေကြလေသည်။အခန်းတံခါးပိတ်ပြီး နန်းစန္ဒာနှင့်နှစ်ယောက်သားကျောင်း၀င်ပေါက်ဆီလျှောက်လာရာ ဒေါက်တာကိုတင်မောင်ထွန်းကားကအ၀င်နှင့်ဆုံကြလေ၏။
ကိုတင်မောင်ထွန်းကကားကိုရပ်၍ သူငယ်ချင်းနှစ်ယောက်ဆီသို့ ဣန္ဒြေရရလျှောက်လာရင်း -
"စန္ဒာ မှီမှမှီပါ့မလားလို့ လာသာလာခဲ့ရတယ်"
"ဘာတွေမမှီတာတုန်းကိုတင်မောင်ကြီးရဲ့"
"မဟုတ်ပါဘူးဗျာ ဒီနေ့ကျွန်တော့်မွေးနေ့လေဗျာ"
"ကျွန်တော့်မှာကအသိမိတ်ဆွေကခပ်ရှားရှားဆိုတော့ စန္ဒာနဲ့နုထက်ကို မုန့်လိုက်ကျွေးချင်လို့ပါ"
"ဒါနမြောက်အောင်လိုက်ခဲ့ပါလားဗျ"
"နုထက်နင့်သဘောကရော"
"ဒေါက်တာကခေါ်နေတာပဲ သွားတာပေါ့"
"နင်ပြန်မှငါပြန်ရုံပဲလေ"
"ဟုတ်ပြီ နုထက်ရတယ်ဆိုစန္ဒာကလိုက်ပြီးသားပဲ"
"ဘာကျွေးမှာလဲကိုတင်မောင်ကြီး"
"စန္ဒာတို့ကြိုက်တဲ့ဆိုင်သွား ကိုယ်ပါမယ်"
"ကြိုက်တယ်ဒါမျိုးကို နောက်ကသာလိုက်ရှင်းဖို့ပြင်ပေတော့"
"ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ"
"နုထက်နဲ့စန္ဒာရှေ့ကသွားမယ် ကိုတင်မောင်ကြီးကားကနောက်ကလိုက်လာလိုက်"
"ကောင်းပါပြီဗျာ"
နန်းစန္ဒာနှင့်နုထက်ကတစ်ကား ဒေါက်တာကိုတင်မောင်ထွန်းကနောက်ကမောင်းလာလိုက်သည်က နောက်ဆုံးဆိုင်တစ်ဆိုင်တော့ရောက်ခဲ့သည်သာ။နန်းစန္ဒာရွေးခဲ့သည်က European restaurant တစ်ခုပင်။အစားအသောက်အဆန်းများသိပ်မမက်တတ်သည့်နုထက်အဖို့ တို့ကာပင့်ကာစားရင်း နန်းစန္ဒာနှင့် ဒေါက်တာတင်မောင်ထွန်းပြောသမျှသာ လိုက်နားထောင်နေမိသည်။
YOU ARE READING
Surgeon (Completed)(Unicode + Zawgyi)
Romanceဖန်တီးမှုအသစ်လေးတစ်ခုပါပဲ✨ဖတ်ရင်းစီးမျောရင်းခံစားရင်း