Ch- 1 (Prologue )

257 11 5
                                    

Unicode

"ပိုင်ရှင်က လူထူးလူဆန်းဖြစ်ရမယ်"


ချူဟွမ်၏အိမ်သည် အိမ်နှင့်မတူပေ၊

သူ့တိုက်ခန်းက မသေးပေမယ့် အပြင်အဆင်က ထူးဆန်းတယ်၊ ဧည့်ခန်း ဒါမှမဟုတ် လသာဆောင်လိုအရာမျိုးမရှိသလို စုစုပေါင်းမှာ အိပ်ခန်းတစ်ခန်း၊ရေချိုးခန်းတစ်ခန်းနဲ့ဖွင့်ထားတဲ့ မီးဖိုချောင်းသားရှိတယ်။

"မီးဖိုချောင်" သည် ရေခဲသေတ္တာနှင့် အဝတ်အစားများ ထားရှိရာ နေရာဖြစ်ပြီး ၎င်းတွင် ချက်ပြုတ်သည့် လုပ်ဆောင်မှု မရှိပေ။

အခန်းထောင့်တွင် ကုတင်တစ်လုံး၊ ကုတင်ခြေရင်းကို ကြမ်းပြင်ပေါ်တွင် သံမှိုရိုက်ထားပြီး တစ်ဖက်က နံရံနှင့် ကပ်လျက်ရှိနေကာ ကုတင်ခင်း၊ စောင်အဖုံးနှင့် ခေါင်းအုံးတို့မှာ
အရောင်ဖျော့တော့နေသည်။

အခြားထောင့်တွင် နံရံနှင့် ကပ်လျက် ဆိုဖာငယ်တန်းတစ်ခုရှိသည်။ဆိုဖာတွေက ကြမ်းပြင်ပေါ်မှာဘေးချင်းကပ်ထိုင်နေသလိုဖြစ်ပြီး
သူတို့အားလုံးသည် တောင့်တင်းသော ထိုင်ဟန်ကိုယ်ဟန်များရှိကာ ထူးထူးခြားခြားပုံစံ ဆိုဖာနောက်ကျောများ တပ်ဆင်ထားသည်။
ပထမအကြည့်တချက်ကြည့်လိုက်ရင်နဲ့
သူတို့ဟာ အနက်ရောင်မီးလုံးတွေလိုပါပဲ၊
၎င်းတို့သည် တာအိုဘုန်းတော်ကြီးဟောင်းမှ
ထောင့်စွန်းတွင် ထိုင်ပြီးအပြစ်ပေးခံရသည့် ဖုတ်ကောင်အုပ်စုနှင့်တူသည်။

ပရိဘောဂတွေကနေတဆင့်ကြည့်ရင်
အိမ်ပိုင်ရှင်ဟာလူထူးလူဆန်းဖြစ်ရမယ်။

ကုတင်တစ်လုံးရဲ့ထောင့်ဖြတ်မျဉ်းတဘက်တွင်တော့ ကြောင်ဆော့ကစားရန်စင်၊ကြောင်စာခွက်များနှင့် ကြောင်အညစ်အကြေပုံးများ စသည်တို့
ရှိသည်။ အချို့သောလတ်ဆတ်တဲ့အမွှေးအမျှင်ကို ယင်းပေါ်တွင် ယောင်ဝါးဝါးမြင်နေရသည်မှာ
သိသာထင်ရှားသောအိမ်မွေးတိရိစ္ဆာန်များပိုင်နက်
တခုဖြစ်သည်။

မမြင်နိုင်သော ချူ နဲ့ ဟန် ခြားထားသကဲ့သို့ လူနှင့်
ကြောင်၏ လှုပ်ရှားမှုများအတွက် နေရာသည် အလွန် သီးခြားစီဖြစ်နေပြီး၊ လူနှင့်ကြောင်သည်
အချင်ချင်း သီးသန်းဖြစ်ကာ မည်သူက မည်သူကိုမှ
နှောက်ယှည်မည်မဟုတ်သလိုပင်။

ချူဟွမ်၏ကြောင်ကို'တာ့မီ ဟုခေါ်ပြီး ၎င်း၏မွေးစားဖခင် ချူအိုက်ကော် မှ 'တာ့မီ" ဟူသောအမည်ကိုပေးခဲ့သည်။

ရှန်းဟယ့်ပြောင်လီ(SHBL)Where stories live. Discover now