Ch-2 Prologue

74 7 0
                                    

Unicode

[သရဲလေးကဒီကိုရောက်လာနေပြီး၊
သရဲကြီးကဝေးသေးတယ်။]

ဘာမှမဖြစ်ခဲ့ပေသေနတ်ကအလွတ်ကြီးဖြစ်နေတယ်။

အစမှအဆုံးထိချူဟွမ်သည်
သူ့မျက်တောင်များကိုပင် မှိတ်မထားခဲ့၊
သူသည် ထိုနေရာတွင် မတ်မတ်ရပ်နေလျက် မျက်လုံးတစ်ဝက်ကိုပွင့်၍ စိတမဝင်စားစွာဖြင့် အိပ်ပျော်ရင်လမ်းလျောက်နေသလိုပင်။

ဧည့်သည်ကလှောင်ပြောင်လာတယ်၊
"တုံ့ပြန်မှုမရှိဘူး၊ သုံးသပ်ချက်မကောင်းဘူး။"

ဒါကိုကြားတော့ ချူဟွမ်က ချက်ချင်းသူ့ခေါင်းကို နောက်ပြန်လှည့်လိုက်ပြီး သူ့ကျောရိုးကို အပြန်ပြန်အလှန်လှန် လှုပ်ခါလိုက်ကာ "အာ ငါသေပြီ" လို့ အော်ဟစ်လိုက်တယ်။

ဧည့်သည်က သူ့ဦးထုပ်ကို မြှောက်လိုက်တော့ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ရဲ့
ခက်ထန်တဲ့ မျက်နှာကို ဖော်ထုတ်လိုက်လေတယ်။ သူ့မျက်လုံးများကချူဟွမ်၏ခန္ဓာကိုယ်တလျောက်လှည့်ပတ်သွားပြီးဓားတချောင်းကဲ့သို့
သူ့အသားနှင့် အသွေးများကိုလှီးဖြတ်ကာ လေးနက်သော မျက်နှာဖြင့်ပြောလာသည်၊

"နောက်ကျနေပြီဆိုတာ ငါသိတယ်။ ဒါပေမယ့် မင်း သိပ်ပြီး အကာအကွယ်မဲ့မနေသင့်ဘူး။"

ချူဟွမ်သည် ဘာကတိမှမပေးတော့ဘဲ ပြုံးလိုက်ရုံပင်၊သူ့ပါးစပ်ထောင့်က အနည်းငယ် ချွန်သွားခဲ့ပြီး သူရယ်တဲ့အခါ မျက်လုံးလေးများက ကျဉ်းမြောင်းသွားတာက
နည်းနည်းတော့ကြည့်မကောင်းပေ၊
အနားကွပ်မပါတဲ့မျက်မှန်တစ်ရံနှင့်တွဲလျက်
အဝတ်အစားဝတ်ထားသောပုံက ဒဏ္ဍာရီလာ သားရဲတစ်ကောင်ကဲ့သို့ ဆိုးရွားလှသည်။

သားရဲတကောင်လိုဝတ်ဆင်ထားသောသူက
ဖြည်းညှင်းစွာပြောလာသည်- "လောင်ဝမ်
ကျေးဇူးပြုပြီး နောက်ကိုနည်းနည်းဆုတ်၊
မင်းခေါင်းကိုကိုင်ပြီး တောက်ပနေတဲ့ လကို မော့ကြည့်လိုက် အဲဒါက 'ခရမ်းသီး'ပဲ
ပြောလိုက် ၊ဟုတ်ပြီးလား။"

လောင်ဝမ်ကအံ့အားသင့်သွားပြီးမှ တစ်စုံတစ်ရာကို နားလည်သွားသလို သူက
အနောက်နည်းနည်းပြန်ဆုတ်ကာ သက်ပြင်းချလိုက်တယ်-"မင်းလို လူကတော့..."

ရှန်းဟယ့်ပြောင်လီ(SHBL)Where stories live. Discover now